ပင်းယမြို့ဟောင်း

ပင်းယမြို့ဟောင်းသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တံတားဦးမြို့၏ တောင်ဘက်(၁)မိုင်ခန့်အကွာတွင် တည်ရှိသည်။ ပင်းယမြို့ဟောင်းသည် စတုဂံပုံမကျတကျ သဏ္ဌာန် ရှိပါသည်။ အရှေ့အနောက် (၅)ဖာလုံခန့်ရှိပြီး တောင်မြောက်(၁)မိုင် (၁)ဖာလုံကျော်ရှိသည်။ တူးဖော် ထားသော နန်းတော်ရာ၏အကျယ်အဝန်းမှာ (၁၂၀၀၀၀)စတုရန်းပေခန့် ရှိပါသည်။ ပင်းယ မြို့ဟောင်းကို ၁၉၉၄-၁၉၉၅ ဘဏ္ဍာရေးနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ရန်ကုန်ဌာနခွဲ)မှ တူးဖော်မှုအထူးအဖွဲ့ ဦးကျော်ဦးလွင် (သုတေသနအရာရှိ- ယခု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်)မှ ခေါင်းဆောင်၍ အဖွဲ့ဝင်(၅)ဦးက ပင်းယမြို့ဟောင်း နန်းတော်ရာနေရာ၌ ကုန်းအမှတ် PYA-1,2 ဖြင့် သတ်မှတ်၍ တူးဖော်သုတေသနပြု ဆောင်ရွက်ခဲ့သည်။