တွံတေး

၂၀ဝ၅ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကံဘဲကျေးရွာရှိ ဘုန်းကြီးကျောင်း ကျောင်းဝင်းအတွင်း မြေကြီးများကို တူးဖော်စဉ် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်(၅)ဆူကို တွေ့ရှိခဲ့ သည်။ (၂) ဆူမှာ ပျူခေတ်နောက်ပိုင်းဖြစ်ပြီး ကျန်(၃)ဆူမှာ ပုဂံခေတ် ဖြစ်သည်ဟု အတည်ပြုခဲ့သည်။ ပျူခေတ်နောက်ပိုင်း ရုပ်တုတော်(၁)ဆူမှာ (၇.၇)လက်မမြင့်ပြီး အခြားတစ်ဆူမှာ(၉.၅)လက်မမြင့် သည်။ နှစ်ဆူစလုံးမှာ အဘယမုဒြာပုံစံဖြစ်ကြသည်။ ပုဂံခေတ် ဗုဒ္ဓဆင်းတုတော် (၃)ဆူတွင် တစ်ဆူမှာ (၇.၅)လက်မမြင့်ပြီး အဘယမုဒြာပုံစံ၊ ဒုတိယ (၁)ဆူမှာ (၇.၇)လက်မမြင့်ပြီး စီဂရဟတ္တမုဒြာပုံစံနှင့် ကျန်(၁)ဆူမှာ (၉.၈)လက်မမြင့်ပြီး ဘူမိဖဿမုဒြာ ပုံစံဖြစ်သည်။