ကန်ကြီးကုန်းကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှုဒေသ

ကန်ကြီးကုန်းကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှုဒေသသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် တည်ရှိသည်။ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ပြင်သစ်ပညာရှင်အဖွဲ့နှင့်အတူ တူးဖော်မှု ဆောင်ရွက်ခဲ့ပြီး တူးဖော်မှုမှ အရိုးစုရုပ်ကြွင်းများ၊ မြေထည်ပစ္စည်းများ၊ ကြေးထည်ပစ္စည်းများ၊ ရောင်စုံပုတီးစေ့များ၊ သံထည်ပစ္စည်းများ စသည်တို့ကို တူးဖော်ရရှိခဲ့သည်။