ညောင်ကုန်းရှေးဟောင်းနေရာဒေသ

ကြေးခေတ်ယဉ်ကျေးမှုဒေသတစ်ခုဖြစ်သည့် ညောင်ကုန်းဒေသသည် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ကန်နီကျေးရွာအုပ်စုတွင်ပါဝင်ပြီး မိတ္ထီလာမြို့၏ အနောက်တောင်ဘက် (၁၀)မိုင် အကွာ ညောင်ကုန်းရေလှောင်တမံ၏ အနောက်ဘက်တွင်တည်ရှိပါသည်။ ၂၀၀၇ ခုနှစ်တွင် တူးဖော်မှု ပြုလုပ်ခဲ့ပြီး တူးဖော်မှုမှ ရုပ်ကြွင်းအရိုးစုများ၊ ပုတီးစေ့များ၊ မြေထည်ပစ္စည်းများ၊ ကြေးထည် ပစ္စည်းများကို တွေ့ရှိရသည်။ အရိုးစုရုပ်ကြွင်း(၂၂)ခု မြှုပ်နှံထားသည်ကိုတွေ့ရှိရပြီး ရုပ်ကြွင်းများမှာ များသောအားဖြင့် ပျက်စီးနေသည်ကို တွေ့ရသည်။