ဥမှင်ရှေးဟောင်းနေရာဒေသ

ဥမှင်ကြေးခေတ်ယဉ်ကျေးမှုဒေသသည် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၏ အရှေ့မြောက်ဘက်(၇)မိုင်အကွာရှိ ဘုရားကြီးကျေးရွာအုပ်စု၊ ဥမှင်ကျေးရွာတွင် တည်ရှိသည်။ တူးဖော်မှုလုပ်ငန်းကို ကုန်း(၃)ကုန်း သတ်မှတ်ဆောင်ရွက်ခဲ့ကြပြီး ရုပ်ကြွင်းအရိုးစုများ၊ ကြေးပစ္စည်းများ၊ မြေထည်ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ ကျောက်အသုံးဆောင်ပစ္စည်းများ၊ အဆင်တန်ဆာများ၊ မြေမီးဖုတ်များစသည်ဖြင့် တွေ့ရသည်။ အရိုးစုရုပ်ကြွင်း (၁၀)ခု တွေ့ရှိရပြီး အားလုံးပြည့်စုံကောင်းမွန်မှု မရှိတော့ပေ။