ရွာထင် ရှေးဟောင်းနေရာဒေသ

ရွာထင်ကုန်းကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှုဒေသသည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် တည်ရှိသည်။ ၂၀၀၁ မှ ၂၀၀၃ ခုနှစ်တွင် တူးဖော်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှပညာရှင်များနှင့် ပြင်သစ်နိုင်ငံမှပညာရှင်တို့ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တူးဖော်မှုမှ မြေထည်ပစ္စည်းများ၊ အရိုးစုရုပ်ကြွင်းများ၊ ကြေးထည်ပစ္စည်းများ၊ ကျောက်လက်နက်များ၊ ကြေးနန်းစည်းထုပ်၊ သံထည်ပစ္စည်းများ၊ ပုတီးစေ့များ၊ လည်ဆွဲအဆင်တန်ဆာများ၊ ယောက်သွားခွံများ စသည်တို့ကို တူးဖော်ရရှိခဲ့ပါသည်။