ရွာကုန်းကြီးရှေးဟောင်းနေရာဒေသ

ရွာကုန်းကြီးကျေးရွာသည် သာစည်မြို့နယ်၊ ဘွဲ့ခြားကျေးရွာအုပ်စုတွင် ပါဝင်သည်။ တူးဖော်မှုကို ရွာကုန်းကြီးကျေးရွာ၏ အနောက်ဘက်(၄) ဖာလုံခန့်အကွာ ယာပိုင်ရှင် ဦးကျော်ခင်နှင့် ဦးအောင်တို့၏ ယာကွက်များတွင် ဆောင်ရွက်ခဲ့သည်။ ရွာကုန်းကြီးတူးဖော်မှုမှ ရုပ်ကြွင်းအရိုးစု (၄၄)ခု မြှုပ်နှံထားသည့် အထောက်အထားများနှင့်အတူ ကြေးစည်းထုပ်များ၊ သံထည်ပစ္စည်းများ၊ ရောင်စုံပုတီးစေ့များ၊ ကျောက်ချောလက်နက်၊ မြေထည်ပစ္စည်းများကို တွေ့ရှိရသည်။