ပြဒါလင်းဂူရှိ ကျောက်ခေတ်ပန်းချီ

      ပြဒါလင်းဂူသည် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်တွင် တည်ရှိပါသည်။ ထိုဒေသ၌ လက်နက်ကိရိယာများကို များသောအားဖြင့် ကျောက်စရစ်ခဲများပေါ်တွင် ပြုလုပ်ကြသည်။ ၎င်းတို့မှာ အကြမ်းထည်များဖြစ်ပြီး ကျောက်ခေတ်ဟောင်းလက်နက် ကိရိယာများနှင့်ဆင်တူခြင်း၊ ပြန်လည် ပြုပြင်ထားခြင်း (သို့မဟုတ်) သွေးထားခြင်းစသည့် အမှတ်အသားများ မပါကြပေ။ အိုခြမ်းကွဲများ တွေ့ရှိမှုမှာ ကျောက်ခေတ်သစ်ပုံစံ လက္ခဏာရပ်များဖြစ်သည်။ နံရံပန်းချီများကို အရှေ့ဘက်ဂူ နံပါတ်(၁)တွင် တွေ့မြင်ရပါသည်။ နံရံပန်းချီများမှာ တိရိစ္ဆာန်ပုံများ၊ နွားထီးပုံ၊ ပြောင်ပုံများ၊ သမင်တစ်ကောင်၊ ဆင်၏ အနောက်ဘက်ပုံ၊ ငါးကြီးတစ်ကောင်ပုံ တို့ဖြစ်ကြပါသည်။