လက်ပံခြေပေါ်ကျောက်ခေတ်ဒေသ

      လက်ပံခြေပေါ် ကျောက်ခေတ်ဒေသသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံ ခြေပေါ်ကျေးရွာအနီးတွင် တည်ရှိသည်။ ဤဒေသတွင် ကျောက်ခေတ်တူးဖော်သုတေသနပြုမှုကို ၁၉၇၀ ခုနှစ်တွင် ပြုလုပ်ခဲ့ရာ ကျောက်ခေတ်သစ် လက်နက်အကောင်း(၁၂)ခု၊ အကျိုး(၁၈)ခု စုစုပေါင်း (၃၀)ခု တွေ့ရှိခဲ့ရပြီး ကုန်းပတ်ဝန်းကျင်မှ ကျောက်လက်နက်ပစ္စည်း (၁၄၀) တို့ကို တွေ့ရှိ ခဲ့သည်။ ယင်းနေရာသို့ ထပ်မံရှာဖွေခဲ့ရာ အခြယ်အလှယ်ပါ မြေထည်ပစ္စည်းများဖြစ်သည့် (Zoored Pottery, cordmark, combmark, lnise pottery)နှင့် ကစားစရာ မြေမီးဖုတ်ဘီးငယ်(Toy-wheel) တို့ကိုတွေ့ရှိရသည်။ လက်ပံခြေပေါ်ဒေသမှ တွေ့ရှိရသော ကျောက်လက်နက်ပစ္စည်းများမှာ အမင်းတပ် ပဲကွပ်၊ ပိစပ်ဖူးပဲကွပ်၊ ပုဆိန်၊ ဆောက်၊ ကျောက်ပြားကွင်း၊ ကျောက်တူ၊ ကျောက်လက်ကောက်၊ ကျောက်ကြိတ်ဆုံတို့ဖြစ်သည်။