ရွှေစာရံကျောက်ခေတ်ဒေသ

ရွှေစာရံကျောက်ခေတ်ဒေသသည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံရွာ၏ အနောက်မြောက်ယွန်းယွန်း ရွှေစာရံစေတီတော်၏ အနောက်တည့်တည့်(၁)မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ၁၉၇၂-၁၉၇၃ ဘဏ္ဍာရေးနှစ်၊ ၁၉၇၃-၁၉၇၄ ဘဏ္ဍာရေးနှစ်များတွင် တူးဖော်သုတေသနပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ တူးဖော်တွေ့ရှိရသော ကျောက်လက်နက်အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) ကျောက်ပဲခွပ်များ
(၂) ကျောက်ပြားကွင်းများ
(၃) ကျောက်ပြားဝိုင်းများ
(၄) ကျောက်လက်နက်သွေးခုံများ
(၅) ကျောက်လက်ရိုက်များ

တူးဖော်တွေ့ရှိရသော ကျောက်လက်နက်များကို လေ့လာခြင်းအားဖြင့် ရွှေစာရံဒေသသည် ကျောက်ခေတ်သစ်ယဉ်ကျေးမှု ထွန်းကားခဲ့သော နေရာဒေသတစ်ခုဖြစ်ကြောင်း သိရှိရသည်။