ဟန်လင်း၊ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်း

ကမ္ဘာ့အမွေအနှစ် ပျူမြို့ဟောင်း(၃)မြို့(ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ)

အထက်ပါဒေသများအနက် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ၁၉၉၆ ခုနှစ်တွင် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ရောက်ရေး တင်သွင်းခဲ့သော်လည်း လိုအပ်ချက်များရှိနေ၍ ခေတ္တ ဆိုင်းငံ့ခဲ့ရပြီး ၂၀၁၀ ပြည့်နှစ်တွင် ပျူမြို့ဟောင်း(၃)မြို့ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ မြို့ဟောင်း များကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး စတင်ဆောင်ရွက်ခဲ့ရာ (၂၃.၁.၂၀၁၃)ရက်နေ့တွင် Nomination Dossier (complete)ကို UNESCO သို့ တင်သွင်းနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကာတာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် 38th Session of the World Heritage Committee (Doha 2014)တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီ အဖွဲ့ဝင်နိုင်ငံများက အလေးအနက် ထောက်ခံကြသဖြင့် ပျူမြို့ဟောင်း(၃)မြို့အား criteria အချက် (ii) ၊ (iii) နှင့်  (iv)တို့ နှင့်အညီ ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် သတ်မှတ် ခြင်းခံခဲ့ရပါသည်။