အဆိုပြုစာရင်းတင်သွင်းခြင်း

ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကမ္ဘာ့အမွေအနှစ် စံသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးမြင့်မားသည့် ဒေသများစွာ တည်ရှိနေသည့် ကမ္ဘာက စိတ်၀င်တစား လာရောက်လေ့လာသည့် ဒေသများ အများ အပြားတည်ရှိပါသည်။ သို့အတွက် ၁၉၉၆ ခုနှစ် မှ စတင်၍ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ အောက်ဖော်ပြပါ အဆိုပြုအမွေအနှစ်ဒေသ(၈)ခုကို ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်ရောက်ရေး ကနဦး တင်သွင်းခဲ့ပါသည်-

(က) ပြဒါးလင်းဂူ၊
(ခ) အင်းလေးကန်၊
(ဂ) ပျူမြို့ဟောင်း(ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ)၊
(ဃ) ပုဂံဒေသ၊
(င) မြောက်ဦး ဒေသ၊
(စ) အထက်မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ (အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်း၊ မန္တလေး)၊
(ဆ) မွန်မြို့ဟောင်းများ (ပဲခူး၊ ဟံသာဝတီ)
(ဇ) ကုန်းဘောင်ခေတ် သစ်သားကျောင်းများ

၂၀၁၇ ခုနှစ်တွင် ရွှေတိဂုံစေတီတော် နှင့် ပရိုင်းမိတ်ဒေသတို့ကို အဆိုပြုအမွေအနှစ်ဒေသများ စာရင်းတွင် ထပ်မံထည့်သွင်းခဲ့ပါသည်။