ဘုရင့်နောင်ခေါင်းလောင်းစာ

ရွှေစည်းခုံဘုရားရှိ ဘုရင့်နောင်မင်းတရားကြီး လှူဒါန်းထားသော မွန်၊ မြန်မာ၊ ပါဠိ (၃)ဘာသာ ရေးထိုးထားသော ခေါင်းလောင်းစာကို ၂၀၁၆ ခုနှစ်၊ မေလ ၁၈ ရက်မှ ၂၀ ရက်အထိ ASIA-PACIFIC ဒေသအတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ကော်မတီ အစည်းအဝေးတွင် ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် (Memory of the World ) အဖြစ်သတ်မှတ်ခံရပါသည်။