အနုပညာအထက်တန်း ကျောင်းများအတွက် လျှောက်လွှာများခေါ်ယူခြင်း

၁။ ဌာန သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ အနုပညာဦးစီးဌာန
ကွပ်ကဲမှုအောက်တွင်ရှိသော ရန်ကုန်မြို့ နှင့် မန္တလေးမြို့များရှိ အနုပညာအထက်တန်းကျောင်းများတွင် စာပေနှင့် အနုပညာ (ဂီတ/ သဘင်/ ပန်းချီ/ ပန်းပု) ၃ နှစ်သင်တန်းများ၏ (ပထမနှစ်) သို့ တက်ရောက်မည့် သင်တန်းသားများထံမှ လျှောက်လွှာများ အလို ရှိပါသည်။
၂။ လူမျိုး ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
၃။ ပညာအရည်အချင်း ပန်တျာသင်တန်း၏အနုပညာ(ဂီတ/သဘင်)သီးသန့်သင်တန်းအတွက် သတ္တမတန်း(Grade-8) အောင်မြင်သူဖြစ်ရမည်။ ပန်တျာသင်တန်း၏ စာပေနှင့် အနုပညာ (ဂီတ/သဘင်)တွဲဖက်သင်တန်းအတွက် အဌမတန်း(Grade-9) အောင်မြင်သူဖြစ်ရမည်။ ပန်းချီပန်းပုသင်တန်း၏ အနုပညာ(ပန်းချီ/ပန်းပု)သီးသန့်
သင်တန်းနှင့် စာပေနှင့် အနုပညာ(ပန်းချီ /ပန်းပု) တွဲဖက်သင်တန်းများအတွက် အဌမတန်း(Grade-9)အောင်မြင်သူဖြစ်ရမည်။
ဂီတ(သို့မဟုတ်)သဘင်(သို့မဟုတ်)ပန်းချီ(သို့မဟုတ်)ပန်းပုပညာ ကို အခြေခံအသင့်အတင့်တတ်ရမည်။
၄။ အသက် (၁၃)နှစ်မှ(၁၇)နှစ်အတွင်းရှိရမည်။ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
   
၅။ ထောက်ခံချက်        (က) သက်ဆိုင်ရာကျောင်း အောင်လက် မှတ်မူရင်း နှင့် မိတ္တူ      (သို့မဟုတ်) အောင်မြင်သည့်အတန်း၊ မွေးသက္ကရာဇ် ဖော်ပြ ထားသည့် ကျောင်း ထောက်ခံချက်များ၊
    (ခ)  သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတို့မှ ပြစ်မှုကင်း ရှင်းကြောင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်၊
    (ဂ)  အသက်အထောက်အထားအတွက်  နိုင်ငံသားစိစစ်ရေး ကတ် (သို့မဟုတ်) သက်ဆိုင်ရာ ကျောင်းအုပ်ကြီးထံမှ ထောက်ခံချက်မိတ္တူတစ်စောင်၊
    (ဃ) ကျန်းမာရေးအတွက် သက်ဆိုင်ရာ ဒေသန္တရကျန်းမာရေး ဌာနမှ ထောက်ခံချက်မိတ္တူတစ်စောင်၊
    (င)  ပတ်စပို့အရွယ်ဓာတ်ပုံ(၂)ပုံကို ကျောဘက်တွင် မိမိအမည် နှင့် လိပ်စာရေးသားလျက် ပူးတွဲပေးပို့ရမည်။
    မှတ်ချက်။      လူကိုယ်တိုင်လာရောက် အစစ်ဆေးခံသောအခါ ပညာအရည်အချင်း အောင်လက်မှတ်နှင့် ထောက်ခံစာမူရင်းများ၊ နိုင်ငံသား စိစစ်ရေးကတ်များကို တစ်ပါတည်း ယူဆောင်လာ ရန်။
၆။ သင်ကြားပေးမည့် (က)    စောင်း
  ဘာသာရပ် (ခ)     ဆိုင်း
    (ဂ)     ပတ္တလား
    (ဃ)    ကြိုးတပ် (တယော / မြန်မာဂီတာ)
    (င)     အဆို / အက (ကျား / မ)
    (စ)     စန္ဒရား
    (ဆ)    နှဲ
    (ဇ)     အခြေခံပန်းချီပညာများ
    (စျ)     အခြေခံပန်းပုပညာများ
    (ည)    အခြေခံပညာ ဒသမတန်း(Grade-10)၊ဧကာဒသမတန်း(Grade-11)နှင့်ဒွါဒသမတန်း(Grade-12) များ၏ စာပေဘာသာရပ်များ
၇။ သင်ကြားမည့်        အစီအစဉ် အနုပညာ(ဂီတ/သဘင်/ပန်းချီ/ပန်းပု)နှင့် စာပေ(အခြေခံပညာအထက်တန်းအဆင့်)
(၃)နှစ်သင်ကြားပေးမည်။အနုပညာ(ဂီတ/သဘင်/ပန်းချီ/ပန်းပု)သီးသန့်သင်ကြားလိုသူများအတွက်လည်း(၃)နှစ်သင်ကြားပေးမည်။ (၃)နှစ် သင်တန်းအောင်မြင်ပါက အနုပညာသင်တန်းဆင်းလက်မှတ် (Certificate) နှင့် ဒွါဒသမတန်း(Grade-12) သင်ယူပြီးမြောက်ခြင်းလက်မှတ်(Completion Certificate) ပေးမည်။
၈။ နေထိုင်စားသောက် ရေး နေထိုင်ရေးစီစဉ်ပေးမည်။စားသောက်ရေးအတွက် ပညာသင်ကြားနေသည့် လများတွင် တစ်လလျှင်၃၀၀၀ဝိ/-နှုန်းဖြင့် ထောက်ပံ့ပေးမည်။
၉။ လျှောက်လွှာရရှိ မည့်ဌာန လျှောက်ထားလိုသူများသည် သတ်မှတ်ထားသော လျှောက်လွှာ ပုံစံများကို   မိမိတို့နေထိုင်ရာ    မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများ နှင့် ရန်ကုန်၊ မန္တလေးမြို့များရှိ အနုပညာအထက်တန်းကျောင်းများတွင် တောင်းယူရရှိနိုင်ပါသည်။
(လျှောက်လွှာပုံစံ အလုံအလောက်မရှိပါက သတ်မှတ်လျှောက်လွှာပုံစံအတိုင်း လက်ရေးဖြင့် ရေးသားပေးပို့နိုင်သည်။)
၁၀။ ရွေးချယ်ခြင်း လျှောက်ထားသူများအား အနုပညာဦးစီးဌာနမှဖွဲ့စည်းထားသည့် အရည်အချင်းစစ်ဆေးရေးအဖွဲ့များက အခြေခံဂီတ၊ သဘင်၊ ပန်းချီပန်းပုပညာများကို စစ်ဆေးမည်။
၁၁။ လာရောက်အစစ် ဆေးခံစရိတ် စစ်ဆေးရာဌာနများသို့ လာရောက် စစ်ဆေးခံကြရာတွင် ကုန်ကျစရိတ်များကို   ဤဌာနမှ   လုံးဝကျခံခြင်းပြုလိမ့်မည် မဟုတ်ပါ။
၁၂။ လျှောက်လွှာများ ပေးပို့ရန်ဌာန လျှောက်လွှာများကို ညွှန်ကြားရေးမှူး၊ လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲ၊ အနုပညာဦးစီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်သို့ လိပ်မူ၍ ပေးပို့ရမည်။
၁၃။ လျှောက်လွှာပိတ် မည့်ရက် လျှောက်လွှာများကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၃၀)ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်။
  မှတ်ချက် အထောက်အထား အချက်အလက် မပြည့်စုံသော လျှောက်လွှာ ရှင်များကို စစ်ဆေးရွေးချယ်ခြင်း ပြုလုပ်မည် မဟုတ်သည့် အပြင် ရွေးချယ် ခြင်းမခံရသူများထံသို့လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားပေးမည် မဟုတ်ပါ။
     
    ညွှန်ကြားရေးမှူးချုပ်  
အနုပညာဦးစီးဌာန
     
    ၂၀၂၀ ခုနှစ် ၊ မတ်လ           ရက်
နေပြည်တော်