သမိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများ

ကွင်းဆင်းသုတေသနလုပ်ငန်းများဆောင်ရွက်မှုပြီးစီးမှုအခြေအနေ

သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနအနေဖြင့် သမိုင်းဆိုင်ရာ အထောက်​အထား အချက်အလက်များကို ခိုင်မာသည်ထက် ပိုမိုခိုင်မာစေရန်အတွက် မြေပေါ်မြေအောက် အထောက်အထားများအား ကွင်းဆင်းသုတေသနပြုလုပ်ရန်အတွက် ခေတ်အလိုက်ခွဲခြား၍ ကွင်းဆင်း သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကွင်းဆင်း ဆောင်ရွက် ပြီးစီးမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) သွားရောက်ပြီးခဲ့သည့်ကွင်းဆင်း သုတေသနခရီး များ ချင်းပြည်နယ်အတွင်းရှိ မြို့ များ ကွင်းဆင်းသုတေသန ခရီး (၁၇-၂ -၂၀၁၈ မှ

၂၂-၂-၂၀၁၈ ထိ)

ပုဂံမြို့ဟောင်းရှိ ကျောက်စာ များ လက်တွေ့ကူးယူခြင်း နှင့် မူရင်းအထောက်အထား များ ဖတ်ရှုရန် သုတေသန ဝန်ထမ်းများ ကွင်းဆင်း သုတေသနခရီး (၂၃-၉-၂၀၁၇ မှ ၂၄-၉-၂၀၁၇ ထိ)
(ခ) ကျောက်ခေတ်၊ ကြေးခေတ် စီမံချက် တနင်္သာရီတိုင်းဒေသကြီး၊တနင်္သာရီ မြို့နယ်၊ မြိတ် ခရိုင်ကျွန်းစုမြို့နယ်ရှိရေကန်အော်ကျေးရွာနှင့် ထားဝယ်မြို့နယ်များ ကွင်းဆင်းသုတေသနခရီး (၈-၂-၂၀၁၈ မှ ၁၅-၂-၂၀၁၈ ထိ)
(ဂ) ပျူမြို့ဟောင်းများ စီမံချက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တကောင်းမြို့ ဟောင်း နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ဟန်လင်း မြို့ ဟောင်း၊ ဗန်းမောက်မြို့များသို့ ကွင်းဆင်းသုတေသနခရီး (၅-၁၂-၂၀၁၈ မှ ၉-၁၂-၂၀၁၈ ထိ)
ဟန်လင်းမြို့ဟောင်းကွင်းဆင်းသုတေသနခရီး (၈-၆-၂၀၁၇ မှ ၁၄-၆-၂၀၁၇ ထိ)
(ဃ) သုဝဏ္ဏဘူမိ(သထုံ) မြို့ဟောင်းနှင့် အောက်မြန်မာနိုင်ငံရှိ ရှေးမြို့ဟောင်းများစီမံချက်

 

မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်အတွင်းရှိ မုတ္တမ (၃၂) မြို့မြို့ဟောင်း ကွင်းဆင်း သုတေသနခရီး (၁၄-၆-၂၀၁၅မှ ၂၃-၆-၂၀၁၅ ထိ)
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ သထုံ မြို့နယ်နှင့် ပေါင်မြို့နယ် အတွင်းရှိရှေးမြို့ဟောင်းများ ကွင်းဆင်းသုတေသနခရီး (၂၃-၂-၂၀၁၇ မှ ၂-၃-၂၀၁၇ ထိ)
မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ပေါင်မြို့နယ်ရှိ မြို့ဟောင်း များနှင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ကော့ကရိတ် ခရိုင်၊ မြဝတီခရိုင်အတွင်းရှိ ရှေးမြို့ဟောင်းများ ကွင်းဆင်းသုတေသနခရီး (၁၉-၁၁-၂၀၁၇ မှ ၃-၁၂-၂၀၁၇ ထိ)
ကရင်ပြည်နယ်၊ ဘားအံ ခရိုင်၊ ဘားအံမြို့နယ်နှင့် ကော့ကရိတ်ခရိုင်အတွင်းရှိ ရှေးမြို့ဟောင်းများ ကွင်းဆင်းသုတေသနခရီး (၁၆-၁၂-၂၀၁၈ မှ ၂၆-၁၂-၂၀၁၈ထိ)
(င) ပုဂံခေတ် စီမံချက် “ပုဂံသာသနိကအဆောက်အအုံ”ကျောက်” အသုံးပြုမှု လေ့လာချက်” (၁၈-၂-၂၀၁၈ မှ ၂၄-၂-၂၀၁၈ ထိ)
“စလေ၊ ပခန်းငယ်နှင့် ဆားလယ်ဒေသများရှိ ပုဂံ ခေတ်သာသနိကအဆောက် အအုံများအားလေ့လာခြင်း” (၃-၁၂-၂၀၁၈ မှ ၁၀-၁၂-၂၀၁၈ ထိ)
(စ) တောင်ငူခေတ် စီမံချက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့နှင့် တောင်ငူမြို့ရှိ မြို့ဟောင်းများအား ကွင်းဆင်းလေ့လာ သုတေသနပြုခြင်း (၁၁-၁၁-၂၀၁၈ မှ ၁၉-၁၁-၂၀၁၈ ထိ)
(ဆ) ညောင်ရမ်းခေတ် စီမံချက် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အင်းဝနှင့် အင်းဝ အနီးဝန်းကျင်၊ စစ်ကိုင်း တောင် တိလောကဂုရု လိုဏ်ဂူတော်နှင့် စစ်ကိုင်း ကောင်းမှုတော်တို့တွင် ညောင်ရမ်းခေတ်ဆိုင်ရာ အထောက်အထားများအား ကွင်းဆင်းလေ့လာ သုတေသနပြုခြင်း (၂၁-၅-၂၀၁၈ မှ ၂၈-၅-၂၀၁၈ ထိ

ကွင်းဆင်းသုတေသနလုပ်ငန်းများဆက်လက်ဆောင်ရွက်မည့် အခြေအနေ

  • မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဒေသအတွင်းရှိ မုတ္တမ (၃၂) မြို့ မြို့ဟောင်းများ ကွင်းဆင်းသုတေသန
  • သထုံမြို့ဟောင်း ဇုက်သုတ်မြို့ဟောင်းနှင့် ကျိုက္ကသာမြို့ဟောင်း ကွင်းဆင်း သုတေသန
  • မြင်ကွန်း၊ ကျွန်းတော်ဒေသရှိ ပုဂံခေတ် အထောက်အထားများ ကွင်းဆင်း သုတေသန
  • တောင်ငူမြို့ဟောင်း ပတ်ဝန်းကျင်​ဒေသရှိ သမိုင်းအထောက်အထား များအား ကွင်းဆင်းသုတေသန

လစဉ် ဌာနတွင်းသုတေသနစာတမ်းဖတ်ပွဲများ ကျင်းပမှု

စဉ် ရက်စွဲ အမည်/ ရာထူး စာတမ်းအမည်
၁။ ၂၉-၁-၂၀၁၈ ဒေါ်စိုးယုမော် သုတေသနအရာရှိ ဝမ်းတွင်းမြို့နယ်ရှိ အင်းခန်းကြီး မြို့ဟောင်းအား ပဏာမ ကွင်းဆင်း လေ့လာခြင်း
၂။ ၂၈-၂-၂၀၁၈ ဦးရွှေယု သုတေသနအရာရှိ တောင်ငူမင်းဆက် မြန်မာနိုင်ငံ ပြန်လည်စည်းရုံး လာခြင်းနှင့် ကြိုးပမ်းဆောင်ရွက်မှု (၁၅၁၀-၁၆၀၀)
၃။ ၂၉-၃-၂၀၁၈ ဦးစောစံဘအောင် သုတေသနအရာရှိ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ် မြို့နယ်ရှိ ဇယျပူရ မြို့ဟောင်းအား ကွင်းဆင်း လေ့လာခြင်း
၄။ ၃၀-၅-၂၀၁၈ ဦးရဲဟိန်းထွန်း သုတေသနအရာရှိ တောင်ကြီးမြို့၏ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ
၅။ ၂၉-၆-၂၀၁၈ ဦးသိန်းကျော် သုတေသနအရာရှိ မြန်မာနိုင်ငံကျောက်ခေတ်သစ်ဓလေ့လေ့လာချက်
၆။ ၃၀-၇-၂၀၁၈ ဒေါက်တာနှင်းယုခိုင် လက်ထောက် ညွှန်ကြားရေးမှူး အင်္ဂလိပ်-မြန်မာဆက်ဆံရေးကို လေ့လာခြင်း
၇။ ၂၉-၁၀-၂၀၁၈ ဒေါ်ခင်ဘုန်းဦး သုတေသနအရာရှိ မြန်မာနိုင်ငံအတွင်းတရားမဝင်နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများအား လေ့လာခြင်း
၈။ ၂၉-၁၁-၂၀၁၈ ဒေါ်ဇာလီနွယ်ဝင်း သုတေသနအရာရှိ သမိုင်းသုတေသနအထူးစာကြည့်တိုက် အသိပညာ ဘဏ်တိုက်
၉။ ၂၆-၁၂-၂၀၁၈ ဒေါက်တာ ထားထားပါ ညွှန်ကြားရေးမှူး တော်လှန်ရေးကောင်စီလက်ထက် ပြည်သူပိုင် သိမ်းခြင်းအပေါ် လေ့လာသုံးသပ်တင်ပြခြင်း
၁၀။ ၃၁-၁-၂၀၁၉ ဦးရဲဟိန်းထွန်း သုတေသနအရာရှိ ဟန်လင်း၊ တကောင်း၊ ပျူမြို့ ဟောင်းမှသည်မန်လည်၊ ဇလုံတောင် ဆီသို့ သုတေသနပြု လေ့လာရေးခရီးမှ တွေ့ရှိချက်များ

ပြည်တွင်း/နိုင်ငံတကာစာတမ်းဖတ်ပွဲများကျင်းပပြီးစီးမှုအခြေအနေ

သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ကြီးမှူး၍ နိုင်ငံတကာစာတမ်းဖတ်ပွဲ  “Reorienting Myanmar Studies in Myanmar”  ကို ၂၀၁၈ ဖေဖော်ဝါရီလ (၅/၆ )ရက်နေ့အထိ အမျိုးသား ပြတိုက်၊ ရန်ကုန်၌ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

ထို့ပြင် ပြည်တွင်းသုတေသနစာတမ်းဖတ်ပွဲများဖြစ်သည့် “မြန်မာ့ဓလေ့ဖြစ်ထွန်းမှုများ” (၁၉၄၈-၁၉၉၂) စာတမ်းဖတ်ပွဲကို  ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၃/၂၄)ရက်နေ့များနှင့် “သမိုင်းကိုအသိသစ်၊ အမြင်သစ်ဖြင့်ကြည့်ခြင်း”သုတေသနစာတမ်းဖတ်ပွဲကို ၂၀၁၈၊ စက်တင်ဘာလ (၂၇)ရက်နေ့တို့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။