၂၆.၄.၂၀၂၂ နေပြည်တော်
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ကမ္ဘောဒီယားနိုင်ငံမှ ကြီးမှူး၍ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် မြန်မာစံတော်ချိန် ၁၃: ၃ဝ နာရီမှ ၁၅:၃ဝ နာရီအထိ ကျင်းပသည့် ၁၂ ကြိမ်မြောက် အာဆီယံညှိနှိုင်းရေးကောင်စီလုပ်ငန်းအဖွဲ့ (ACCWG-TL) အစည်းအဝေးသို့ မြန်မာနိုင်ငံ၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီမှ အဆင့်မြင့် အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့် (SOCA Leader)နှင့် ရုံးအဖွဲ့မှ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တီမောလက်စတေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ဆောင်ရွက်မှု နောက်ဆုံးအခြေအနေများ၊တီမောလက်စတေနိုင်ငံမှ လူ့စွမ်းအားအရင်းအမြစ် မြင့်တင်ရေး အတွက် အာဆီယံ၏ မူဝါဒချမှတ်ခြင်းမဟုတ်သော လှုပ်ရှားမှုများတွင် ပါဝင်နိုင်ရေးအတွက် လမ်းညွှန်ချက်ကို ၂၉ ကြိမ်မြောက် ACC အစည်းအဝေးတွင် အပြီးသတ် အတည်ပြုခဲ့ပြီး နောက်ပိုင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် AEC နှင့် ASCC မှ အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် Facts Finding Mission အဖွဲ့များအား တီမောလက်စတီ နိုင်ငံသို့စေလွှတ်နိုင်ရေး အခြေအနေ တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
![]()


