၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက်(၄)ရပ် ချမှတ်၍ ကျင်းပပြုလုပ်သွားမည်

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် နေပြည်တော်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အောက်ဖော်ပြပါ ဦးတည်ချက် (၄) ရပ် ချမှတ်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်-

၁။      အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက် အောင်ထိန်းသိမ်းစောင့်ရှောက်ရေး။

၂။       တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း မြှင့်တင်ရေး။

၃။      အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ် ပိုမိုထွန်းကားလာစေရန် ရိုးရာယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ် လူငယ်များသို့ လက်ဆင့်ကမ်းပေး နိုင်ရေး။

၄။      ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေး။

Loading

Be the first to comment

Leave a Reply

Your email address will not be published.