အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် Working Group ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

၂၇.၉.၂၀၂၂                                                                                               နေပြည်တော်

           ၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူး၍ ကမ္ဘောဒီးယားနိုင်ငံ၊ ဟနွိုင်းမြို့၌ (၂၈) ကြိမ်မြောက် အာဆီယံလူမှု‌ရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးအဆင့်အစည်းအဝေးကို ကျင်းပမည်ဖြစ်ရာ အဆိုပါ အစည်း အဝေးတွင် အချက်အလက်စုံလင်စွာဖြင့် ဆွေးနွေးနိုင်ရေး ရည်ရွယ်၍ အာဆီယံ လူမှုရေး- ယဉ်ကျေးမှု အသိုက် အဝန်းမဏ္ဍိုင် Working Group ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၇.၉.၂၀၂၂ ရက်နေ့၌ ရုံးအမှတ် (၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပခဲ့ပါသည်။

           အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ဦးအောင်မြင့် ဦးဆောင်၍ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင် ဆက်စပ်ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ASCC ရုံးအဖွဲ့ တက်ရောက်ခဲ့ကြ ပါသည်။

          အဆိုပါအစည်းအဝေးတွင် အာဆီယံလူမှု‌ရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်အနေဖြင့် (၄၀) ကြိမ်မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများသို့ တင်သွင်းမည့် Adoption ပြုလုပ်မည့် Outcome document ၁၁ ခု၊  Notation ပြုလုပ်မည့် Outcome document ၂၁ ခုတို့နှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများကို အသေးစိတ် ဆွေးနွေးခဲ့ကြ ပါကြောင်းသတင်း ရရှိပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.