ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)တွင် ဖွင့်လှစ်သော

smart

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဘွဲ့လွန်အသုံးချရှေးဟောင်းသုတေသနပညာဒီပလိုမာ(၁)နှစ်

သင်တန်းဆင်းပွဲနှင့်  အာစရိယပူဇော်ပွဲ ကျင်းပခြင်း

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ (၁၆) ကြိမ်မြောက် ဘွဲ့လွန်အသုံးချရှေးဟောင်းသုတေသန ပညာဒီပလိုမာ(၁)နှစ် သင်တန်းဆင်းပွဲနှင့် အာစရိယပူဇော်ပွဲကို  ရှေးဟောင်း သုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)  သင်တန်းခန်းမဆောင်တွင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာ လ(၁)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင်ကျင်းပရာ ကျောင်းအုပ်ကြီး၊ ဒုတိယ‌ ‌ကျောင်းအုပ်ကြီး၊  ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများတက်ရောက်ကြ၍ သင်တန်း ဆင်းပွဲနှင့် ဆရာကန်တော့ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တို့ ပူးပေါင်းလျက် ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း (ပြည်)ကို ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၅-၂၀၀၆ ပညာသင်နှစ်မှစတင်၍ လက်တွေ့အသုံးချ ရှေးဟောင်းသုတေသနဆိုင်ရာ နည်းပညာရပ် များကို သင်ကြားပေးလျက်ရှိပါသည်။ ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာ သင်တန်း (၁၆) ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၃၃၀ ဦး မွေးထုတ်ခဲ့ပြီးဖြစ်ပါသည်။

ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း (ပြည်) တွင် စာတွေ့ပို့ချချက်များ၊ လက်တွေ့ ကွင်းဆင်း/တူးဖော် ဆောင်ရွက်မှုများ၊ Tutorial ၊ Assignments များ၊ စာမေးပွဲများ၊ ပေးအပ်မည့် ဘွဲ့နှင့်ကိုက်ညီသော သုတေသနကျမ်းများပြုစုခြင်းနှင့် ဆွေးနွေးပွဲများကို သင်ကြားပေးလျက်ရှိရာ ရှေးဟောင်းသုတေသနပညာရပ်ကို အမှန်တစ်ကယ်စိတ်ပါဝင်စားသူ များအနေဖြင့် တက်ရောက်နိုင်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် (၁၇) ကြိမ်မြောက် သင်တန်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စား၍ တက်ရောက်လိုသူများအနေဖြင့် သင်တန်းဝင်ခွင့်လျှောက်လွှာ ခေါ်ယူပါက လျှောက်ထားနိုင်ပါကြောင်းနှင့် သင်တန်းဝင်ခွင့်လျှောက်လွှာ ခေါ်ယူခြင်းကို နေ့စဉ်ထုတ် သတင်းစာများတွင်  ကြော်ငြာသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)

Loading

Be the first to comment

Leave a Reply

Your email address will not be published.