(၂၈)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၈)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၄-၁၁-၂၀၂၂ရက်နေ့၊ နံနက် ၀၉၀၀နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ ဒေးစွန်ပါသာသနာ့နယ်မြေ၊ ဉာဏိကာရာမကျောင်းတိုက်တွင် ဆရာတော် ဘဒ္ဒန္တ ဉာဏိက ဦးစီးသော ဆရာတော် သံဃာတော် (၂၆)ပါးတို့အား ဆက်ကပ်လှူဒါန်း ကျင်းပခဲ့ပါသည်။

          အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ဒေးစွန်ပါသာသနာ့နယ်မြေ၊ ဉာဏိကာရာမ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဉာဏိက ထံမှ  ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊  ဆရာတော် သံဃာတော် အရှင်သူမြတ် များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်တော်မူခြင်း၊ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော် ဘဒ္ဒန္တ ဉာဏိက ထံမှ အနုမောဒနာတရား ချီးမြှင့်ခြင်းနှင့်  ရေစက်ချအမျှပေးဝေခြင်း၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခြင်းနှင့်  နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး (၁၂၀၀)နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.