၂၀၂၃ ခုနှစ်၊ (၇၅) ကြိမ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အကြို ပျော်ပွဲရွှင်ပွဲများကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၅) ကြိမ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ စုပေါင်းပါဝင်သော “၂၀၂၃ ခုနှစ်၊ (၇၅) ကြိမ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အကြို ပျော်ပွဲရွှင်ပွဲများ” ကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပရဝုဏ်အတွင်းရှိ ဘောလုံးကွင်းနှင့် ပိတောက်ပင်လမ်းတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပြိုင်ပွဲ အမျိုးအစားပေါင်း (၂၅)မျိုး၌ အားကစားနည်းပေါင်း (၁၁)မျိုးကို အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ သက်ကြီးသက်ငယ်ပြိုင်ပွဲ ဟူ၍သတ်မှတ်ထားရှိပြီး ဝင်ရောက်ကစားသူ စုစုပေါင်း (၁၅၀)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.