ဌာနတွင်းကွန်ပျူတာအဆင့်မြင့်သင်တန်း (Adobe Photoshop Application Software) (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ  ကျင်းပပြုလုပ်

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ  ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်တွေ့ ကွန်ပျူတာကိုင်တွယ် အသုံးပြုရသည့် ဝန်ထမ်းများအနေဖြင့် Adobe Photoshop Software အား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် ဝန်ထမ်းများ၏ အရည် အချင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ဌာနတွင်းကွန်ပျူတာအဆင့်မြင့် သင်တန်း (Adobe Photoshop Application Software) (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲတွင် ဖေဖော်ဝါရီလ(၇)ရက်နေ့၊ ၁၅း၀၀ နာရီအချိန်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမငယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ၊ ဌာနခွဲ သင်တန်းသားများ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီ(ဒေသခံ) ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းကို ကွန်ပျူတာလက်တွေ့ကိုင်တွယ် အသုံးပြုလျက်ရှိသည့် ဝန်ထမ်းများ အနေဖြင့် Adobe Photoshop Application Software ပိုင်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် လိုအပ်သဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ (၂)လခန့်ကြာမြင့်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.