(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများသည် တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ် ချစ်ကြည်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်မြင့်မားစေရန်၊ နိုင်ငံနှင့်လူမျိုးအပေါ်ထားရှိသည့် စေတနာနှင့် စွမ်းဆောင်ရည်များကို သိရှိနားလည်ပြီး အားကျအတုယူနိုင်စေရန်၊ စာကြည့်တိုက် သုံးစွဲမှုအလေ့အကျင့် တိုးတက်လာစေရန်နှင့် စာဖတ်စွမ်းရည် မြင့်မားလာစေရန်၊ မြန်မာစာ မြန်မာစကားကို စနစ်တကျ ကျွမ်းကျင်သုံးစွဲတတ်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကို ၇.၂.၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ ဆောင်းပါး နှင့် စာစီစာကုံးပြိုင်ပွဲကို ၁၁.၂.၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို ၁၂.၂.၂၀၂၃ ရက်နေ့တွင်လည်းကောင်း အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) စွယ်တော်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပန်းချီ၊ ပန်းပု၊ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူ (၄)ဦးသည် ဆောင်းပါးပြိုင်ပွဲ၊ (၂၃)ဦးသည် စာစီစာကုံးပြိုင်ပွဲ၊ (၁၀)ဦး သည် ကဗျာပြိုင်ပွဲ၊ (၁၉)ဦးသည် ပန်းချီပြိုင်ပွဲသို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

          ယင်းတို့အနက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ဂုဏ်ပြုဆုတို့ကိုရွေးချယ်၍ ၁-၃-၂၀၂၃ ရက်နေ့တွင် ဆုပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.