သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတွင်ထားရှိမည့် ပန်းချီကားများရေးဆွဲနေမှုကိုကြည့်ရှုစစ်ဆေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၀၉၀၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်း ကျောင်း(ရန်ကုန်)နှင့် မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံးဝင်များက ရေးဆွဲလျက်ရှိသော Myanmar Arts Center တို့တွင် နေပြည်တော်၌ တည်ထားကိုးကွယ်ရန် တည်ဆောက်လျက်ရှိ သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဂန္ဓကုဋိ တိုက်များတွင်ထား ရှိမည့် ပန်းချီကားများရေးဆွဲနေမှု အခြေအနေများကို လိုက်လံစစ်ဆေး ကြည့်ရှုခဲ့ရာ သက်ဆိုင်ရာ တက္ကသိုလ်၊ ကျောင်းနှင့် ပြခန်း များမှ တာဝန်ရှိသူများနှင့် ပန်းချီပညာရှင်များက ကြိုဆို၍ လုပ်ငန်းဆောင်ရွက်နေမှု၊ လုပ်ငန်း ပြီးမြောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ ပန်းချီ ရေးဆွဲမှု အကြောင်းအရာ နည်းစနစ်များနှင့် ပတ်သက်၍ သိရှိလိုမှုများကို ဆွေးနွေး မေးမြန်းကာ ပန်းချီကားများ အချိန်မီပြီးစီးရေးနှင့် အခြားလိုအပ်ချက် များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။  

              မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက် ၂၄ လုံး အတွင်းတွင် ထားရှိမည့် မြန်မာတို့၏ ရှေးထုံးအစဉ်အလာနှင့်အညီ နိပါတ်တော် ပန်းချီကားများ အဖြစ် ထည့်သွင်းထားရှိနိုင်ရန်အတွက် ဗုဒ္ဓဝင်ဆီဆေးပန်းချီကား ၉၆ ချပ်(ဂန္ဓကုဋိတိုက် ၁ လုံး တွင် ၄ ချပ်စီ)ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

              အဆိုပါ ဗုဒ္ဓဝင်ပန်းချီကား ၉၆ ချပ်အနက် ပထမအကြိမ် ဆီဆေးပန်းချီကား ၃၂ ချပ် ရေးဆွဲခြင်းလုပ်ငန်းကို ၁၀၀ ရာခိုင်နှုန်း ရေးဆွဲဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ဒုတိယအကြိမ် ဆီဆေးပန်းချီးကား ၃၂ ချပ် ရေးဆွဲခြင်းလုပ်ငန်းကို ရန်ကုန်မြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)နှင့် Myanmar Arts Center တို့တွင် ရေးဆွဲလျက်ရှိကြောင်း သတင်းရရှိပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.