မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) တို့ကအကြမ်းဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်

၁။      မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ၁၅.၄.၂၀၂၃ ရက်နေ့တွင် ကယား ပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ကလေးသူငယ်များအပါ အဝင် ပြည်သူများရေကစားနေစဉ် အကြမ်းဖက်သမားများက Drone တစ်စီးဖြင့် Drop Bomb တစ်လုံးပစ်ချ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူအမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။

၂။            ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော နေရာများသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ကလေး သူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့် နေရာသို့ Drone တစ်စီးဖြင့် Drop Bomb ဖြင့်ပစ်ချ တိုက်ခိုက်ခြင်းအား မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.