လေလံခေါ်ယူခြင်း

၁။         သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ စီမံ/ဘဏ္ဍာ ဌာနခွဲ(နေပြည်တော်)နှင့် သုတေသနဌာနခွဲ(ရန်ကုန်)တို့တွင် အသုံးပြု၍မရတော့သည့် ဌာနပိုင်စာရင်းမှ ပယ်ဖျက်မည့်  ဟောင်းနွမ်းပစ္စည်းများဖြစ်သော အောက်ဖော်ပြပါပစ္စည်းများအား မျက်မြင်အခြေအနေအတိုင်း လေလံတင်ရောင်းချမည် ဖြစ်ပါသည်-

      စီမံ/ဘဏ္ဍာဌာနခွဲ(နေပြည်တော်)

Desktop Computer (၃) စုံ၊ Laptop Computer (၂) လုံး၊ Copier (၂) လုံး၊ Printer (၃) လုံး၊ Colour Printer (၄) လုံး၊ Fax Machine (၁) လုံး၊ Television (၁) လုံး၊ Camera (၅) လုံး၊ Water Cooler    (၁) လုံး၊

Cassette (၂) လုံး

      သုတေသနဌာနခွဲ(ရန်ကုန်)

Copier (၁) လုံး၊ ဖိုင်ဘာကွန်ပျူတာတင်စားပွဲ (၂) လုံး၊ ဆိုဖာဆုံလည်ကုလားထိုင် (၃) လုံး

၂။         အဆိုပါပစ္စည်းများအား လေလံတင်ရောင်းချရန်အတွက် ပုံစံများကို (၁၀-၅-၂၀၂၃)ရက်နေ့မှ (၂၃-၅-၂၀၂၃) ရက်နေ့အထိ  ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက်(၁၀:၀၀)နာရီမှ (၁၆:၀၀)နာရီအထိ နေပြည်တော်ရှိ ပစ္စည်းများအတွက် ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနတွင်လည်းကောင်း၊ ရန်ကုန်မြို့ရှိ ပစ္စည်းများအတွက် အမှတ်(၈၅)၊ သီရိမင်္ဂလာရိပ်သာလမ်းသွယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင်လည်းကောင်း လာရောက်ဝယ်ယူနိုင်ပါသည်။

၃။         (၂၄-၅-၂၀၂၃)ရက်နေ့၊ မွန်းတည့်(၁၂:၀၀)နာရီတွင် ဈေးနှုန်းတင်သွင်းခြင်းကို  ပိတ်သိမ်းမည်ဖြစ်ပါသဖြင့် ဝယ်ယူလိုသောအဖွဲ့အစည်းများက ဈေးပြိုင်စနစ်ဖြင့်ဝယ်ယူနိုင်ပါရန်နှင့် သတ်မှတ်ချိန်ထက်ကျော်လွန်သော တင်သွင်းမှု များကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါကြောင်း ကြော်ငြာအပ်ပါသည်။

လေလံတင်ရောင်းချရေးအဖွဲ့

သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန

၀၆၇- ၃၄၀၈၃၈၄၊ ၀၁-၆၅၈၁၅၂

Loading

Be the first to comment

Leave a Reply

Your email address will not be published.