“မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ” ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ “မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ” အခမ်းအနားကို ၁၇-၇-၂၀၂၃  ရက်နေ့၊ နံနက် ၀၈:၀၀ နာရီတွင် တက္ကသိုလ်ဝင်းအတွင်းရှိ ကုမုဒြာဆောင်လက်ဝဲဘက်ရှိ မြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်က ဌာနမှူးများထံသို့ ပျိုးပင်များပေးအပ်ခြင်း၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ/ဌာနမှူးများမှ သတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်များစိုက်ပျိုးခြင်း၊ အခမ်းအနား သို့ တက်ရောက်လာသူ ဝန်ထမ်းများအား ဧည့်ခံကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။           အဆိုပါ ပျဉ်းမ၊ မန်းဂျန်းရှား၊ ပျဉ်းကတိုး၊ ပိတောက်၊ ကျွန်း စသည့် ပျိုးပင် (၁၀၀၀)ကို တက္ကသိုလ်ဝင်းရှိ ကုမုဒြာဆောင်လက်ဝဲဘက်ခြမ်း မြေကွက်လပ်တွင်လည်းကောင်း၊ NUAC အဝိုင်းမှ မဉ္ဇူကျောင်းသူဆောင်အထိ ကွန်ကရစ်လမ်းဘေးတစ်လျှောက်တွင်လည်းကောင်း၊ ဒဂုံ ကျောင်းသားဆောင်မှ ဂိတ်အမှတ်(၃)အထိ လမ်းတစ်လျှောက်တွင်လည်းကောင်း စိုက်ပျိုး ပြီးစီးခဲ့ပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.