သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရေကြောင်းပိုးလမ်းမကြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးညီလာခံသို့ တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ ရန်ကုန် – နိုဝင်ဘာ ၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၃
ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ရေကြောင်းပိုးလမ်းမကြီး
ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးညီလာခံသို့ တက်ရောက်ရန်အတွက် ၁.၁၁.၂၀၂၃
ရက်နေ့၊ ၁၅:၁၀ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့သည်။
ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr. Pan Feng နှင့် တာဝန်ရှိသူများ၊
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်
ဒေါက်တာကေသီထွေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌
လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.