ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော်  အဂ္ဂမဟာသဒမဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိ DPhil (Oxford) ၏ ” မိမိယဉ်ကျေးမှု၌ ယုံကြည်မှုရှင်သန်နေခြင်း ” (Confidence in Our Own Culture) တရားပွဲကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရှိ     ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများအား ယဉ်ကျေးမှုနှင့် နှီးနှောသော တရားဓမ္မများကို ဟောပြောပို့ချနိုင်ရေး ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော်  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိ DPhil (Oxford) ၏ ” မိမိယဉ်ကျေးမှု၌ ယုံကြည်မှုရှင်သန်နေခြင်း ” (Confidence in Our Own Culture) တရားပွဲကို ၂- ၁ -၂၀၂၄  (အင်္ဂါနေ့)၊ နေ့လယ် ၁၃:၀၀ နာရီမှ ၁၅:၃၀ နာရီအထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ တက္ကသိုလ်ဓမ္မာရုံတွင် ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားသည့်  ဧည့်သည်တော်များ၊ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်တရားနာယူခဲ့ကြပါသည်။

           အဆိုပါ တရားပွဲတွင် အောက်စဖို့ဒ်ဆရာတော်က တရားဟောကြားခြင်း၊ ကျောင်းသား၊ ကျောင်းသူများက မေးခွန်းများ မေးမြန်းခြင်း၊ ဆရာတော်က ပြန်လည်ဖြေကြားခြင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)က အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)က ပန်းချီအထူးပြုကျောင်းသားတစ်ဦးရေးဆွဲထားသည့် ဆရာတော်၏ ပုံတူပန်းချီကားအား ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တရားပွဲကို ၁၅:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.