သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အမျိုးသားဇာတ်ရုံ(ရန်ကုန်) နှင့် အမျိုးသားပြတိုက် (ရန်ကုန်) တို့မှ ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းများအားကြည့်ရှုစစ်ဆေး ရန်ကုန် ဇန်နဝါရီ  ၁၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက အမျိုးသားဇာတ်ရုံ(ရန်ကုန်)သို့ ရောက်ရှိလာရာ လက်ထောက်ညွှန် ကြားရေးမှူးက လက်ရှိဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းစဉ်များအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။ ထို့နောက်ဒုတိယဝန်ကြီးသည် အမျိုးသားဇာတ်ရုံ(ရန်ကုန်)အတွင်း ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ ရုံးပတ်ဝန်းကျင်နှင့် အိမ်ယာပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာရေး၊ ဇာတ်ရုံအတွင်းအပြင် သန့်ရှင်းရေး၊ လေအေးပေးစက်များ တပ်ဆင်ထား ရှိမှုများကို ကြည့်ရူစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

          ထို့နောက်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် အမျိုးသားပြတိုက် (ရန်ကုန်)သို့ နေ့လယ် (၁၂:၄၅) နာရီအချိန်တွင် ရောက်ရှိလာရာ အမျိုးသားပြတိုက် (ရန်ကုန်) မှ ခေတ္တတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး(ပြတိုက်)၊ ဒုတိယညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ) နှင့် အရာထမ်းများကကြိုဆိုပြီး အစည်းအဝေးခန်းမတွင် ခေတ္တတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး(ပြတိုက်)က အမျိုးသားပြတိုက် (ရန်ကုန်) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ တည်နေရာ၊ နောက်ခံသမိုင်းအကျဉ်း၊ ပြခန်း (၁၃)ခန်းတွင် ခင်းကျင်းပြသထားမှု၊ အမျိုးသားပြတိုက် (ရန်ကုန်)၌ ဆောင်ရွက်ခဲ့သည့် ပြည်တွင်း/ပြည်ပ ပြပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လာရောက်ကြည့်ရှု လေ့လာသည့် ပြည်တွင်း/ပြည်ပ ခရီးသွားဝင်ရောက်မှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ကျောင်းသား/ ကျောင်းသူ ဝင်ရောက်မှု အခြေအနေများအား Power  Point ဖြင့် ရှင်းလင်းတင်ပြပါသည်။

          ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် အမျိုးသားပြတိုက် (ရန်ကုန်)မှ ဝန်ထမ်းများနှင့် ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) မှ သင်တန်းသူများအား တွေ့ဆုံခဲ့ပြီး ပြတိုက်ဆိုင်ရာလုပ်ငန်းရပ်များအား လမ်းညွှန်မှာကြားခဲ့ကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် Ticket Management System, Inventory Management and Ethnic Traditional Gallery (Active Relity-AR System)လုပ်ငန်းနှင့် ရှေးဟောင်းပစ္စည်းသိုလှောင်ရုံ (၂)ထပ် ဆက်လက်ဆောက်လုပ်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့၍ အမျိုးသားပြတိုက် (ရန်ကုန်) မှ (၁၆:၃၀) နာရီအချိန်တွင် ပြန်လည်ထွက်ခွာခဲ့ ပါကြောင်း သတင်းရရှိပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.