၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်(ပထမနှစ်ဝက်) စာသင်ကာလ၏ လစဉ်သုတေသနစာတမ်း ဖတ်ပွဲ အခမ်းအနား

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် (ပထမနှစ်ဝက်) စာသင်ကာလ၏ လစဉ်သုတေသနစာတမ်းဖတ်ပွဲ ဒုတိယအကြိမ်ကို    ၃၀-၁-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် စွယ်တော်ဆောင်၊ ဒုတိယထပ်ရှိ ယဉ်ကေျးမှုခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်(စီမံ)၊  ဌာနမှူး(သင်တန်းရေးရာ)၊ သက်ဆိုင်ရာဘာသာရပ် ဌာနများမှ ပါမောက္ခ၊ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ နည်းပြများ ဖိတ်ကြားထားသော သဘာပတိများနှင့် စာတမ်းရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ ဒေါ်ခင်ထက်ဝေ၊ကထိက၊ ဒုတိယဌာနမှူး(ပန်းချီ)က “မြန်မာပန်းချီကျော် များ၏နှစ်သစ်ကူးသင်္ကြန်ပွဲတော်ဆိုင်ရာ ရသအဖွဲ့အနွဲ့လေ့လာချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးမြင့်လွင် ပါမောက္ခ၊ဌာနမှူး(ပန်းပု)က “အင်္ဂတေဖြင့်ထုလုပ်ထားသည့်ပန်းပုလက်ရာများပြင်ဆင် ထိန်းသိမ်းခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းများ ဖတ်ကြားခဲ့ပါသည်။

          စာတမ်းဖတ်ပွဲတွင် သဘာပတိများအဖြစ် ပန်းချီပညာဌာန စာတမ်းအတွက် ဝဏ္ဏကျော်ထင် ဦးသစ်လွင်စိုး(ဂုတ်ထူးဆောင်ပါရဂူ)နှင့် ပန်းပုပညာဌာန စာတမ်းအတွက် ဒေါက်တာ ပြည့်ဖြိုးကျော်၊ ပါမောက္ခ၊ ရှေးဟောင်းသုတေသနပညာဌာန၊ ပညာရှင်(ပန်းပု) တို့က ဆောင်ရွက်ခဲ့ကြပြီး စာတမ်းအပေါ် ခြုံငုံသုံးသပ်ခြင်း၊ စာတမ်းဖတ်ပွဲတက်ရောက်လာသူများက မေးမြန်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.