၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်(ပထမနှစ်ဝက်) စာသင်ကာလ၏ လစဉ်သုတေသနစာတမ်း ဖတ်ပွဲ အခမ်းအနား

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် (ပထမနှစ်ဝက်) စာသင်ကာလ၏ လစဉ်သုတေသနစာတမ်းဖတ်ပွဲ အမှတ်စဉ်(၃) ကို ၂၈-၂-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရှိ ကံ့ကော်ဆောင်၊ ပို့ချခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးလှခိုင်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော သဘာပတိများနှင့် စာတမ်းရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

          အစီအစဉ်အရ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ လက်ထောက်ကထိက ဦးထက်အောင်ကျော်က “ရုပ်ရှင်ရသကို ပေါ်လွင်စေ သည့် အနုပညာဖန်တီးမှုစွမ်းအားများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနမှ လက်ထောက်ကထိက ဒေါ်ညိုညိုယဉ်မောက်က “ကမ္ဘောဇသာဒီနန်းတော်ဝင်းအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များအား လေ့လာချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းများ ဖတ်ကြားခဲ့ပါသည်။

          စာတမ်းဖတ်ပွဲတွင် သဘာပတိများအဖြစ် ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ စာတမ်းအတွက် ဦးဇော်မြင့်ဦး၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာ၊ ပညာရှင်(ရုပ်ရှင်) နှင့် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု ပညာဌာနမှ စာတမ်းအတွက် ဦးမြင့်ဇော်၊ ညွှန်ကြားရေးမှူး၊ ပဲခူးဌာနခွဲ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့က ဆောင်ရွက်ခဲ့ကြပြီး စာတမ်းအပေါ် ခြုံငုံသုံးသပ်ခြင်း၊ စာတမ်းဖတ်ပွဲတက်ရောက်လာသူများက မေးမြန်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးလှခိုင်က သဘာပတိများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားကို နေ့လယ် ၁၂:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.