ဂီတပညာဌာန စာကြည့်တိုက် ဖွင့်ပွဲကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာနတွင် ဖွင့်လှစ်ထားရှိ မည့် “ဂီတပညာဌာနစာကြည့်တိုက်”ဖွင့်ပွဲအခမ်းအနားကို ကုမုဒြာဆောင်ရှိ ဂီတပညာဌာန၊ M-201 ၌ ၆-၅-၂၀၂၂ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ပါမောက္ခ/ဌာနမှူး (သဘင်)၊ ပါမောက္ခ/ ဌာနမှူး(စာပေ)၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် စာအုပ်အလှူရှင် ဒေါက်တာရည်နွယ်၏မိသားစု တို့ တက်ရောက်ခဲ့ကြပါသည်။

“ဂီတဆိုင်ရာပညာရပ်များ၊ ဗဟုသုတများ ရှာမှီးလိုသူများအတွက် စာအုပ်၊ စာတမ်းမှတ်တမ်း၊ အသံဖိုင်၊ ဗီဒီယိုမှတ်တမ်းများကို တစ်နေရာတည်းတွင်လေ့လာနိုင်စေရန်၊ ဂီတအထူးပြုကျောင်းသား၊ ကျောင်းသူများ၏ သင်ထောက်ကူအတွက်လည်းကောင်း၊ သုတေသနပြုရာ၌လည်းကောင်း အသုံးပြု နိုင်စေရန်၊ ဂီတပညာရှင်ကြီးများဖြစ်ကြသော ဒေါက်တာဦးကိုကို၊ ဒေါက်တာရည်နွယ်တို့၏ “ဂီတဆိုင်ရာမှတ်တမ်းများစုစည်းမှု”များအပါအဝင် တူရိယာများကို သမိုင်းမှတ်တမ်းအလို့ငှာ တတ်အားသမျှ စုစည်းထိန်းသိမ်းနိုင်စေရန်” စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

ဂီတပညာဌာနစာကြည့်တိုက်တွင် ဂီတဆိုင်ရာနှင့် စာပေဆိုင်ရာ အဖိုးတန်းစာအုပ်များ၊ ဘွဲ့ကြို၊ ဘွဲ့လွန် ဘွဲ့ယူစာတမ်းများ၊ ခေတ်အဆက်ဆက် ပညာရှင်ကြီးများ၏ အသံသွင်း အသံလွှင့်ခဲ့ သော တေးသီချင်းများ၊ ဟောပြောချက်များ စုစည်းထားရှိကြောင်း သတင်းရရှိပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.