“Bharatnatyam” အိန္ဒိယအက အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းဆင်းပွဲ အခမ်းအနား ကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ၊ သရဖီဆောင်၌ကျင်းပပြုလုပ် ရာ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Mr.Abhay Thakur ၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခ ချုပ်များ ၊ Swami Vivekananda Cultural Centre (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ကျောင်းသူများ၊ သဘင်ပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
ပထမဦးစွာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr.Abhay Thakur နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) မှ ပါမောက္ခချုပ် ဒေါက်တာကေသီ ထွေးတို့က ဆီမီးထွန်းညှိ၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍အမျိုးသားယဉ်ကျေး မှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr.Abhay Thakur က အမှာစကားပြောကြားသည်။
ဆက်လက်ပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သဘင်ပညာ ဌာနမှကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်သည့် အတွေ့အကြုံများကိုရှင်းလင်းတင်ပြပြီး သဘင်ပညာဌာနမှ ကျောင်းသား ကျောင်းသူများက အလုပ်ရုံဆွေးနွေးပွဲတွင် လေ့လာသင်ယူတတ်မြောက်ခဲ့သော “Bharatnatyam” အိန္ဒိယအက ကို Swami Vivekananda Cultural Center (ရန်ကုန်) မှ ကျောင်းသားကျောင်းသူမျာနှင့်အတူ ပူးပေါင်း၍ ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် Swami Vivekanand Cultural Center (ရန်ကုန်) မှ ကျောင်းသူများက Saraswati အကဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) သဘင် ပညာဌာန နှင့် Swami Vivekananda ယဉ်ကျေးမှုစင်တာမှ ကျောင်းသားကျောင်းသူများ ပူးပေါင်း၍ Pushpanjali အကဖြင့်လည်းကောင်း ၊ သဘင်ပညာဌာနမှ စင်တော်ပြိုင်အက (ရုပ်သေးနှင့်လူ) ဖြင့်လည်းကောင်း ၊ အိန္ဒိယအကပညာရှင် Ms. Lanan နှင့် သဘင်ပညာဌာနမှ လက်ထောက်ကထိက ဒေါ်ခိုင်မာလွင် တို့က Myanmar and Tami Fusion အကဖြင့်လည်းကောင်း၊ Swami Vivekananda ယဉ်ကျေးမှုစင်တာမှ ကျောင်းသူများက သင်္ကြန်အကဖြင့်လည်းကောင်း၊ “Ram Bhajan” အကကို စုပေါင်း၍လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Mr.Abhay Thakur နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) မှ ပါမောက္ခချုပ် ဒေါက်တာကေသီ ထွေးတို့က အမှတ်တရလက်ဆောင်နှင့် စာကြည့်တိုက်အတွက်စာအုပ်များ အပြန်အလှန်ပေး အပ်ကြသည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယ ပါမောက္ခချုပ် (သင်ကြား) ဦးခိုင်ထွန်းက ကျေးဇူးတင်စကားပြောကြားကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
















![]()