“မြန်မာ့သနပ်ခါးသံစဉ်””Rhythm of Myanmar Thanakha”ပန်းချီအနုပညာပြပွဲ ကျင်းပခြင်း

၂၀၂၄-၂၀၂၅ပညာသင်နှစ် ဒုတိယနှစ်ဝက်၊ ပန်းချီပညာဌာန ကျောင်းသား၊ ကျောင်းသူများ၏ “မြန်မာ့သနပ်ခါးသံစဉ်” “Rhythm of Myanmar Thanakha” ပန်းချီအနုပညာပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ၅-၈-၂၀၂၅ ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)၏ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ရာ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်(ငြိမ်း) ဒေါက်တာနန္ဒာမွှန်း၊  ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပါ သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပန်းချီအနုပညာပြပွဲအား လှည့်လည်ကြည့်ရှုကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ပန်းချီပြပွဲ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

          အဆိုပါ “မြန်မာ့သနပ်ခါးသံစဉ်” “Rhythm of Myanmar Thanakha” ပန်းချီအနုပညာပြပွဲကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပန်းချီပညာဌာနတွင် ပညာသင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်နိုင်စေရန်၊ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီ၏ အနုပညာ စွမ်းရည် တီထွင်ဖန်တီးနိုင်မှုနှင့် မြန်မာ့ယဉ်ကျေးမှုအပေါ်ထားရှိသော နက်ရှိုင်းသည့်သဘောကို ပေါ်လွင်ထင်ရှားစေရန်၊ ယနေ့တိုင် ခိုင်မာစွာတည်ရှိနေသော မြန်မာလူမျိုးတို့၏ သနပ်ခါးလိမ်းခြယ် သည့်ဓလေ့ကို ဂုဏ်ယူစွာဖြင့် အနုပညာလက်ရာမြောက် ပန်းချီကားများ ဖန်တီး နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့်  ကျင်းပပြုလုပ်ခြင်းပါသည်။           မြန်မာ့ရိုးရာသနပ်ခါးကို အခြေခံထားသော၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအပေါ်ထားရှိသော နက်ရှိုင်းသည့် ခံစားမှုများကို ပေါ်လွင်ထင်ဟပ်စေသည့် “မြန်မာ့သနပ်ခါးသံစဉ်” ပန်းချီအနုပညာ ပြပွဲတွင်  မဟာဝိဇ္ဇာဒုတိယနှစ်မှ (၃)ဦး၊ မဟာဝိဇ္ဇာ ပထမနှစ်မှ ၂ ဦး၊ စတုတ္ထနှစ်မှ (၉)ဦး၊ တတိယနှစ်မှ (၁၉)ဦး၊ ဒုတိယနှစ်မှ (၁၃) ဦး၊ ပထမနှစ်မှ (၂)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၈)ဦး၏  ခဲပန်းချီ၊ ရေးဆေးပန်းချီနှင့် ဆီဆေးပန်းချီ စုစုပေါင်းပန်းချီကား(၄၈)ကား ပြသခြင်းဖြစ်ပြီး ပန်းချီပြပွဲကို ၅-၈-၂၀၂၅ ရက်နေ့မှ ၇-၈-၂၀၂၅ ရက်နေ့အထိ၊ နေ့စဉ် နံနက် ၁၀:၀၀ နာရီမှ ညနေ ၃:၀၀ နာရီအထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ သရဖီဆောင်၊ အနုပညာ ခန်းမ၌ ပြသသွားမည်ဖြစ်ပါသည်။

Loading