၂၀၂၅ ခုနှစ်၊အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပခြင်း

၂၀၂၅ ခုနှစ်၊အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု စကားပြောစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ၃၁-၇-၂၀၂၅ ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ(၁၉)ဦးတို့က “လူငယ်များပါဝင်သည့်တိုးတက်ခိုင်မာအားကောင်းသော လူမှုအသိုက်အဝန်းဖော်ဆောင်ရေး” ခေါင်းစဉ်ဖြင့်  ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

Loading