“စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာဟောပြောပွဲ”ကျင်းပခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)တွင် သင်ကြားပို့ချလျက်ရှိသည့် အနုပညာဆိုင်ရာ ဘာသာရပ်အသီးသီးတွင် တာဝန် ထမ်းဆောင်လျက်ရှိသော  ဆရာ၊ ဆရာမများနှင့် လေ့လာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား  တီထွင်ဖန်တီးထားသည့် အနုပညာနှင့် လက်ရာပစ္စည်းများ၏ မူပိုင်ခွင့်နှင့် ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရေးအတွက် “စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုင်ရာ ဟောပြောပွဲ”ကို ၈-၈-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ရာ  ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြ ပါသည်။         

          ဆက်လက်၍ ဒေါက်တာနွယ်ရီဝင်း၊ ညွှန်ကြားရေးမှူး၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲ၊ မူပိုင်ခွင့်ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက  “စာပေနှင့်အနုပညာမူပိုင်ခွင့် အကြောင်း သိကောင်းစရာများနှင့် ဥပဒေကို ရှင်းလင်း တင်ပြခြင်း”ခေါင်းစဉ်ဖြင့်ဟောပြောပို့ချခြင်း၊ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊    ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးက ဒေါက်တာနွယ်ရီဝင်းအား အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပြီး ဟောပြောပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Loading