ရန်ကုန်တိုင်းဒေသကြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့် ပညာအဆင့်) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ဖွင့်ပွဲအခမ်းအနားကို ၈-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ အကဲဖြတ်ပညာရှင်များ၊ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲဝင်မျိုးဆက်သစ်အနုပညာရှင် လူငယ်မောင်မယ်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ဦးစွာ ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ယဉ်ကျေးမှု စရိုက်လက္ခဏာများ ပိုမိုထွန်းကားလာစေခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ခြင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးကို ပိုမိုတည်ဆောက်နိုင်ခြင်းနှင့်အတူ အမျိုးဂုဏ်၊ ဇာတိဂုဏ်များ အသစ်တဖန် ဖူးပွင့်ရှင်သန်လာစေခြင်း၊ လူငယ်ထုအတွက် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တိုင်းခြားယဉ်ကျေးမှုအန္တရာယ်မှ ကာကွယ်နိုင်မည့် စွမ်းအားများ ရရှိလာစေခြင်း၊ ပြိုင်ပွဲကြီးကို အလေးအနက်ထားပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၏ အနှစ်အရသာများကို ဝိုင်းဝန်းလက်တွဲ ဖော်ဆောင်ကြရန်စသည်တို့ကို ပြောကြားခဲ့ပါသည်။

          ထို့နောက် ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဗဟို ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၊ အတီးအကဲဖြတ်လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးစောဝင်းတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

          ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဂုဏ်ပြုသည့် “ရွှေရောင်လွှမ်းခြုံတိုင်းရန်ကုန်” တေးသီချင်းဖြင့် လည်းကောင်း၊ “မြိုင်ဆိုင်မြူးကြွ သူငယ်တော်အက” ဖြင့်လည်းကောင်း၊ “ခေတ်သုံးခေတ် နှစ်ပါးသွားအက”  ဖြင့်လည်းကောင်း သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်းတို့က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

          ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင် စုစုပေါင်း (၂၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

Loading