သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ( ယဉ်ကျေးမှု ) ဒေါ်နုမြဇံသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး ( H.E. Mr. Iskander Azizov ) အား လက်ခံတွေ့ဆုံရန်ကုန်၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ( ၁၇ ) ရက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည်  ရန်ကုန်မြို့ အခြေစိုက်၊ ရုရှားနိုင်ငံသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ( H.E. Mr. Iskander Azizov ) ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်၊ နေ့လည် ၁၅ : ၀၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် ( ရန်ကုန် ) ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများအား ပြန်လည်ပြုပြင်မွမ်းမံခြင်းတွင် ကျွမ်းကျင်မှု အကူအညီများပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ The Institute for the History of Material Cultural of Russia Academy of Science ( IHMCRAS  ) တို့အကြား ပူးပေါင်းဆောင်ရွက်‌ရေး၊ ယဉ်ကျေးမှု နယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရေးနှင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည့် ၁၁ ကြိမ်မြောက် စန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှု ညီလာခံ မှ ထွက်ပေါ်လာသော ဆွေးနွေးချက်ရလဒ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးကြပါသည်။ ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသမှ ရှေးပြေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည့်ကိစ္စနှင့် ပတ်သက်၍လည်း  ဆွေးနွေးခဲ့ကြပါသည်။   

တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ( ရန်ကုန် ) မှ ပါမောက္ခချုပ်နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Loading