အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ အချိန်ပိုင်းအနုပညာဒီပလိုမာ (ဓာတ်ပုံ) သင်တန်းအစား အချိန်ပိုင်းအနုပညာဒီပလိုမာ(Film Making) သင်တန်းကို ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ပါသည်။ သင်တန်းကို Level (၃) ခုဖြင့် စုစုပေါင်း အချိန် (၉) လ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ ဘွဲ့ရရှိပြီးသူများ၊ အခြေခံပညာ Grade-12 သို့မဟုတ် ဒသမတန်း အထိ တက်ရောက်ခဲ့သူများ တက်ရောက်သင်ကြားနိုင်မည် ဖြစ်ပါသည်။ သင်တန်းပြီးမြောက်ပါက ဘွဲ့ရရှိပြီးသူများနှင့် အခြေခံပညာ Grade-12 သို့မဟုတ် ဒသမတန်း အောင်မြင်ပြီးသူများကို Diploma in Arts (Film Making) ကိုလည်းကောင်း၊ အခြေခံပညာ အထက်တန်းအထိ တက်ရောက်ခဲ့သူများအား Film Making အထူးပြုအနုပညာ အောင်လက်မှတ်ကို လည်းကောင်း ပေးအပ်မည်ဖြစ်ပါသည်။ အဓိက သင်ကြားမည့် ဘာသာရပ် များမှာ- ဓာတ်ပုံ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ တည်းဖြတ် ဘာသာရပ် တို့အပြင် အထောက်အကူပြု ဘာသာရပ်များ ဖြစ်သည့် သရုပ်ဆောင်၊ အနုပညာစီမံခန့်ခွဲမှု၊ ရုပ်ရှင်ထုတ်လုပ်ရေး စီမံခန့်ခွဲမှု ဘာသာရပ်များကို ပေါင်းစပ်သင်ကြားသွားမည် ဖြစ်ပါသည်။ အဆိုပါသင်တန်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ရာ ၁၃-၁၁-၂၀၂၅ ရက်နေ့မှစ၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သင်တန်းရေးရာဌာန၊ ဖုန်း-၀၉-၄၂၁၀၁၂၈၀၈၊ ၀၉-၇၈၈၁၈၉၁၈၀၊ ၀၉-၂၅၀၀၈၈၂၆၈ သို့ ရုံးချိန်အတွင်း ဆက်သွယ် လျှောက်ထား နိုင်ပါသည်။
![]()