အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်၊ (၂၆)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို  ရန်ကုန်တက္ကသိုလ်၊  ဘွဲ့နှင်းသဘင်ခန်းမ၌ ၁၆-၁၂-၂၀၂၅ ရက်နေ့၊ နံနက်၀၉:၀၀နာရီအချိန်တွင် အစမ်းလေ့ကျင့်ခြင်း ကိုလည်းကောင်း၊ ၁၇-၁၂-၂၀၂၅ ရက်နေ့၊ နံနက် ၀၉ : ၀၀ နာရီအချိန်တွင် ဘွဲ့နှင်းသဘင် အခမ်းအနားကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ဌာနမှူးများ၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ယူမည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

          ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာကေသီထွေးက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ၂ ဦး၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ ၃ ဦး၊ မဟာဝိဇ္ဇာဘွဲ့(ဂီတ) ၃ ဦး၊ မဟာဝိဇ္ဇာဘွဲ့(သဘင်) ၂ ဦး၊ မဟာဝိဇ္ဇာဘွဲ့(ပန်းချီ) ၃ ဦး၊ မဟာဝိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်) ၂ ဦး၊ မဟာဝိဇ္ဇာဘွဲ့ (ယဉ်ကျေးမှု အမွေအနှစ်စီမံခန့်ခွဲမှု) ၅ ဦး၊ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာဘွဲ့ ၁၂ ဦး၊ ဘွဲ့လွန်အသုံးချရှေးဟောင်း သုတေသနပညာဒီပလိုမာဘွဲ့ ၇ ဦး၊ ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာဘွဲ့ ၁၀ ဦး၊ ဝိဇ္ဇာဘွဲ့(ဂီတ) ၂၃ ဦး၊ ဝိဇ္ဇာဘွဲ့(သဘင်) ၈ ဦး၊ ဝိဇ္ဇာဘွဲ့(ပန်းချီ) ၁၁ ဦး၊ ဝိဇ္ဇာဘွဲ့(ပန်းပု) ၂ ဦး၊ ဝိဇ္ဇာဘွဲ့ (ရုပ်ရှင်နှင့်ပြဇာတ်) ၃၁ ဦး၊ စုစုပေါင်းဘွဲ့ရရှိသူ  ၁၂၄ ဦးနှင့်  အနုပညာဒီပလိုမာလက်မှတ်ရရှိသူ ၁၂၉ ဦး နှင့် အနုပညာကွန်ပျူတာဒီပလိုမာလက်မှတ်ရရှိသူ ၄၂ ဦး၊ စုစုပေါင်း ၂၉၅ ဦး တို့အား ဘွဲ့အသီးသီးနှင့် ဒီပလိုမာအောင်လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Loading