သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့ နံနက် (၁၀) နာရီက ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီးသို့ ရောက်ရှိ လာရာ သာသနာရေးဦးစီးဌာန၊ ပုံနှိပ်ထုတ်ဝေရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးနိုင်အောင်မိုး၊ သာသနာရေးနှင့် ဝိနိစ္ဆယရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိန်လင်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် အနုပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက လိုက်ပါရှင်းလင်း ပြသကြသည်။

ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မဟာပါသာဏလိုဏ်ဂူတော်ကြီးနှင့် မြေညီ ထပ်အတွင်းပတ်လမ်းကို လည်းကောင်း၊ ဝိဇယမင်္ဂလာဓမ္မသဘင်ကိုလည်းကောင်း၊ ဆဋ္ဌသံဂါ ယနာမော်ကွန်းပြတိုက်အတွင်း ပြခန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြုပြင် ခင်းကျင်းရန်လိုအပ်သည့်အချက်များနှင့် ထပ်မံဖြည့်စွက်ပြသရန် လိုအပ်သည့် ပြခန်းပြကွက် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

![]()