အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ထိန်းသိမ်းမျှဝေ ယဉ်ကျေးမှုအမွေ (၁/၂၀၂၆) “စာပေ၊ ဂီတ၊ မြန်မာ့သဘင် သမားစဉ်” ဟောပြောသရုပ်ပွဲ အခမ်းအနား အစီအစဉ်ကို ၁၅-၁-၂၀၂၆ ရက်နေ့တွင် နံနက် (၁၀:၀၀)နာရီမှ (၁၂:၃၀)နာရီထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ ကောင်စီဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ ပညာဌာနအသီးသီးမှ ပါမောက္ခ/ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ရန်ကုန်ဌာနခွဲ)၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန(ရန်ကုန်ဌာနခွဲ)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)တို့မှ တာဝန်ရှိ သူများ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (၈)ခုတို့မှ ဆရာ၊ ဆရာမများနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပညာဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦး၊ စုစုပေါင်း (၄၃၀)ဦးခန့် တက် ရောက်ခဲ့ကြပါသည်။
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပညာရေးအဖွဲ့ဝင်(ဂီတ) စာပေ၊ ဂီတပညာရှင် အလင်္ကာကျော်စွာ ဒေါ်ရွှေကူနန်းနွဲ့နွဲ့ (ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာ)၏ “စာပေ၊ ဂီတ မြန်မာ့သဘင် သမားစဉ်” ဟောပြောသရုပ်ပြပွဲတွင် သုံးထပ်ဖြည့် ရေကင်းသံဖြင့် ဘုရားကန်တော့ခန်း (မာရဝိဇယ ဘုရားကြီး တည်ထားပုံအဆင့်ဆင့်)ကို ဂီတပညာဌာနကလည်းကောင်း၊ မြန်မာစာပေသမိုင်း (ပျုကြေးရုပ် ၅ ရုပ်သရုပ်ဖော်)ကို သဘင်ပညာဌာနကလည်းကောင်း၊ မြန်မာနိုင်ငံ နတ်ကိုးကွယ်မှုမှ မဟာဂီတလာ လောကနတ်ချင်း (ယိမ်းအက)ကို သဘင်ပညာဌာနကလည်းကောင်း၊ သံစဉ်ဝေဖြာ တျော တေ တျာ(အဆို)ကို ဂီတပညာဌာနက လည်းကောင်း၊ စိမ့်ကြီးမြိုင်ကြီးရကန် (သဇင်ပန်းဘွဲ့) (အဆို၊ အတီး)ကို ဂီတပညာဌာနကလည်းကောင်း၊ မဏိကက်ဇာတ်တော်၌ တျာချင်းများ သီဆိုခြင်းကို အလင်္ကာကျော်စွာ ဒေါ်ရွှေကူနန်းနွဲ့နွဲ့မှ (အဆို၊ အတီး)ဖြင့်လည်းကောင်း၊ တေဇဂုဏ်ယိမ်း(အက)ကို သဘင်ပညာဌာနကလည်းကောင်း၊ ဝတ်တော်ရုံကြိုး အစီအစဉ်ကို ဂီတပညာဌာနကလည်းကောင်း၊ ကာချင်း(အက)ကို သဘင်ပညာဌာနကလည်းကောင်း၊ မြမြမောင်းမောင်း တေးသီချင်း(အဆို)ကို အလင်္ကာကျော်စွာ ဒေါ်ရွှေကူနန်းနွဲ့နွဲ့ကလည်းကောင်း၊ မြင်းခင်းယိမ်း(ရုပ်သေး)ကို သဘင်ပညာဌာနကလည်းကောင်း၊ ရှာပုံတော်ကြီး(သရုပ်ဖော်)ကို သဘင် ပညာဌာနကလည်းကောင်း၊ လှည်းယာဉ်တော်ဘွဲ့ (နှစ်ပါးအက)ကို သဘင်ပညာဌာနက လည်းကောင်း ပူးပေါင်း ပါဝင်တင်ဆက်ကပြခဲ့ကြပါသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဒေါက်တာကေသီထွေးက အလင်္ကာကျော်စွာ ဒေါ်ရွှေကူနန်းနွဲ့နွဲ့ (ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာ)အား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။









![]()