အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ စုပေါင်း ပါဝင်သော “၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ” ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပရဝုဏ်အတွင်းရှိ ဘောလုံးကွင်းနှင့် ပိတောက်ပင်လမ်းတစ်လျှောက် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပြိုင်ပွဲ အမျိုးအစားပေါင်း (၂၅)မျိုး၌ အားကစားနည်းပေါင်း (၁၆) မျိုးကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဝင်ရောက်ကစားသူ စုစုပေါင်း (၁၅၀) ဦးခန့် ပါဝင် ယှဉ်ပြိုင် ခဲ့ကြပါသည်။









![]()