သမိုင်းဘာသာရပ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ဌာနတွင်း သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပခြင်း

၁။           သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ သုတေသနဌာနခွဲတွင် လစဉ် ကျင်းပပြုလုပ်မြဲဖြစ်သည့် သမိုင်းဘာသာရပ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ဌာနတွင်း သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်၊ ၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်များတွင်  အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ အဆောင်(A)၊ Orientation အခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမနေ့ စာတမ်းဖတ်ကြားခြင်းအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်၊ မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် ဆရာကြီး ဦးနီတွတ်၊ မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်း အဖွဲ့ဝင် ဆရာကြီး ဦးတင်ခြုံ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးဆွေ၊ စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံးမှ ဗိုလ်မှူးအောင်ကျော်ဆင့်၊ ပညာရေးဝန်ကြီးဌာန Nay Pyi Taw State Acadamy မှ မြန်မာစာဌာန ပါမောက္ခ ဒေါက်တာမြင့်မြင့်ခိုင်၊ စာကြည့်တိုက်နှင့်သုတပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်နုနုရီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး မြန်မာ သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာ တိုးလှ၊ အဖွဲ့ဝင် ဦးကျော်နှင့် သုတေသနဌာနခွဲ(ရန်ကုန်)မှ အရာထမ်း၊ အမှုထမ်းများက Online ဖြင့် တက်ရောက်ခဲ့ကြကာ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ကြပါသည်။

၂။            သမိုင်းဘာသာရပ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် စာတမ်းဖတ်ပွဲ အခမ်းအနား ပထမနေ့တွင် ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာသမိုင်းအဖွဲ့၊ အချိန်ပိုင်းအဖွဲ့ဝင် ဆရာကြီးဦးတင်ခြုံက သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ကာ မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် ဆရာကြီး ဦးနီတွတ်က “အရိမဒ္ဒနပူရ ပုကံပြည် အာမနာရပ် (၁၁၄၈-၁၄၃၆)” စာတမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာမြင့်မြင့်စန်းမှ “စလေဒေသရှိ အနုပညာဗိသုကာလက်ရာများ” ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက ဖတ်ကြားခဲ့သော စာတမ်းများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး သဘာပတိက ဖတ်ကြားခဲ့သော စာတမ်းများ အပေါ် ခြုံငုံသုံးသပ်ခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က  နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကာ စာတမ်းဖတ်ကြားခြင်း ပထမနေ့ အခမ်းအနားကို ၁၂:၃၀ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

၃။           စာတမ်းဖတ်ပွဲ ဒုတိယနေ့ကို ၂၃-၁-၂၀၂၆ ရက်၊ သောကြာနေ့ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်၊ မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်း အဖွဲ့ဝင် ဆရာကြီး ဦးတင်ခြုံ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ဌေးဌေးဆွေ၊ စစ်သမိုင်းပြတိုက်နှင့်

တပ်မတော် မော်ကွန်းတိုက်မှူးရုံးမှ ဗိုလ်မှူးအောင်ကျော်ဆင့်၊ ပညာရေးဝန်ကြီးဌာနမှ ဦးစီးမှူး၊ ဒေါ်မြင့်မြင့်ကြည်၊  ဒေါ်နန်းထိုက်ဝင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း များတက်ရောက်ခဲ့ကြပြီး ရန်ကုန်သုတေသနဌာနခွဲ(ရန်ကုန်)မှ အရာထမ်း၊ အမှုထမ်းများက Online ဖြင့် တက်ရောက်ခဲ့ကြကာ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြပါသည်။

၄။           စာတမ်းဖတ်ပွဲ ဒုတိယနေ့ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  မြန်မာသမိုင်းအဖွဲ့၊ အချိန်ပိုင်းအဖွဲ့ဝင် ဆရာကြီး ဦးတင်ခြုံက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ကာ သုတေသနလက်ထောက်-၂၊ ဒေါ်နှင်းသက်သက်ဝေက “မင်းတုန်းမင်းလက်ထက် နိုင်ငံခြားဆက်ဆံရေး” စာတမ်းခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူး၊ ဒေါက်တာခင်သီတာက Meiji Soe ရေးသားသော “Culture and Beyond Myanmar” စာအုပ်အား Book Review အဖြစ် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက် လာကြသူများက ဖတ်ကြားခဲ့သော စာတမ်းများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး သဘာပတိက စာတမ်းများအပေါ် ခြုံငုံသုံးသပ်ခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က  နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ စာတမ်းဖတ်ကြားခြင်း ဒုတိယနေ့ အခမ်းအနားကို ၁၂:၀၀ နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

Loading