သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်း ရပ်ကွက်ရှိ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Art Center – Yangon) ၏ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ရန် လာရောက်ခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် Myanmar Land & Development Ltd ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန် ရှိသူများက ကြိုုဆိုခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဆောက်လုပ်ရေးရှင်းလင်းဆောင်တွင် Myanmar Land & Development Ltd ဆောက်လုပ်ရေးကုမ္ပဏီမှ Project Director ဒေါ်ယုယုနိုင်က နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) တည်ဆောက်ရေးစီမံကိန်း အား ၂၀၂၄ -၂၀၂၅ ခု ၊ ဘဏ္ဍာရေးနှစ်တွင် Site Clearing Work ၊ RC Structure နှင့်ပတ်သက် သော သန့်ရှင်းရေးလုပ်ငန်းများ၊ RC Wall နံရံအက်ကွဲကြောင်းများအား ပြုပြင်ဖာထေးခြင်း၊ တိုင် နှင့် နံရံများ အချောကိုင်ခြင်း၊ ငြမ်းဆင်ခြင်းနှင့် ရေလုံဆေးသုတ်ခြင်း၊ Steel Structure သန့်ရှင်း ရေးနှင့် ဆီဆေးသုတ်ခြင်းလုပ်ငန်း၊ကြမ်းခင်းပြုပြင်ရန် လိုအပ်သော Basement အထပ် တွင် ရှိသော နွံများအား ဖယ်ရှားခြင်းနှင့် ကြမ်းခင်း ပြုပြင်ခြင်း၊ 1250KVA Transformer (၁)လုံးနှင့် 33KV လိုင်း (၀.၅၇)မိုင်၊ ၃၃/၀.၄ ကေဗွီ ချိတ်ဆက်ဆောင်ရွက် ခြင်းနှင့် 1250KVA ခွဲရုံ (၁)ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ Gal (30000) Ground Tank (၂)လုံး တည်ဆောက်ခြင်းလုပ်ငန်း၊8” Tube Well နှင့် Submersible Pump (5HP) (၂)လုံး တူးဖော်ခြင်းလုပ်ငန်း စသည့် လုပ်ငန်း ၇ ခုကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အပိုင်း(၁)အနေဖြင့် နိုင်ငံ တကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) အဆောက်အအုံတွင် ဆက်လက်ဆောင်ရွက်ရမည့် ဘေးအကာ နံရံများ ကာရံခြင်း၊ ဆောင်ရွက်ရန် ကျန်ရှိနေသော Steel Column များ၊ အမိုး အသစ်မိုးခြင်း လုပ်ငန်းနှင့် အမိုးအဟောင်းများ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်) ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲ၏ လမ်း ညွှန်ချက်နှင့်အညီ ခိုင်ခန့်မှုရှိပြီး အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း မှာကြား ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အအုံ အတွင်း သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြခဲ့ကြောင်း သတင်း ရရှိပါ သည်။
![]()