အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ Academic Event Calendar အရ ထိန်းသိမ်းမျှဝေ ယဉ်ကျေးမှု အမွေ (၄/၂၀၂၆) ဟောပြောပွဲ အခမ်းအနားအား ၂၀-၂-၂၀၂၆ ရက်နေ့(သောကြာနေ့)၊ နံနက် (၁၀:၀၀)နာရီမှ(၁၂:၀၀)နာရီအထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပညာရေးအဖွဲ့ဝင်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီဝင်၊ ဦးရဲထွဋ် (စာပေဗိမာန်စာမူဆုရှင် သန်လျင်မောင်ဝင်းဝါ)(ဂုဏ်ထူးဆောင်ပါရဂူ)၊ ပညာရှင်-သဘင်က “နှိုင်းယှဉ်လေ့လာ ပြဇာတ်အင်္လကာ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များ ကောင်စီဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ ပညာဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန(ရန်ကုန်ဌာနခွဲ)မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဒဂုံတက္ကသိုလ်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်ရှိ ဆရာ၊ ဆရာမများက Online ဖြင့်တက်ရောက်ခဲ့ကြပါသည်။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ပညာဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦး၊ စုစုပေါင်း (၃၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ဦးရဲထွဋ်၊ ပညာရှင်-သဘင်၏ “နှိုင်းယှဉ်လေ့လာ ပြဇာတ်အင်္လကာ” ဟောပြောသရုပ်ပြပွဲတွင် ရှိတ်စပီးယား၏ ဗင်းနစ်ကုန်သည်နှင့် ဦးပုည၏ ရေသည်ပြဇာတ်တို့ကို သရုပ်ဖော်တင်ဆက် ကပြခဲ့ကြပါသည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းခဲ့ကြပြီးနောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာကေသီထွေးက ဦးရဲထွဋ်၊ ပညာရှင်(သဘင်)အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ဌာနမှူးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။






![]()