အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပါမောက္ခချုပ်ဖလား ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၃-၂-၂၀၂၆ ရက်နေ့၊ ၁၅း၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုုပ်(စီမံ)နှင့် ဒုတိယပါမောက္ခချုပ် (သင်ကြား)တို့က ဘောလုံးပြိုင်ပွဲကိုဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။ ဆက်လက်၍ ဘောလုံးပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ အမျိုးသားဘောလုံး ပြိုင်ပွဲ ပွဲစဉ်(၁) ဂီတအသင်းနှင့် ရုပ်ရှင်နှင့်ပြဇာတ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပါသည်။ ဘောလုံးပြိုင်ပွဲ၌ အမျိုးသားအသင်းတွင် ဂီတ၊ ရုပ်ရှင်နှင့်ပြဇာတ်၊ ပန်းပု၊ သဘင်၊ ပန်းချီအသင်းတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး အမျိုးသမီးအသင်းတွင် ညွန့်ပေါင်း၊ သဘင် နှင့် မဉ္ဇူအသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါသည်။
ဘောလုံးပြိုင်ပွဲများကို ၂၃-၂-၂၀၂၆ ရက်နေ့မှ ၂၇-၂-၂၀၂၆ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး ဆုပေးပွဲကို ၂၇-၂-၂၀၂၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။






![]()