အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပါမောက္ခချုပ် ဖလား ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၂၃-၂-၂၀၂၆ ရက်နေ့မှ ၂၇-၂-၂၀၂၆ ရက်နေ့အထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ၂၃-၂-၂၀၂၆ ရက်နေ့၊ ၁၅း၀၀ နာရီတွင် ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားဘောလုံး ပြိုင်ပွဲ ပွဲစဉ်(၁) ဂီတအသင်းနှင့် ရုပ်ရှင်နှင့်ပြဇာတ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပါသည်။
၂၄-၂-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပွဲစဉ်(၁) အမျိုးသမီး သဘင်အသင်းနှင့် မဉ္ဇူအသင်း၊ ညနေပိုင်းတွင် ပွဲစဉ်(၂) အမျိုးသား ရုပ်ရှင်နှင့်ပြဇာတ်အသင်း နှင့် ပန်းပုအသင်း၊ ပွဲစဉ်(၃) အမျိုးသား သဘင်အသင်းနှင့် ပန်းချီအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပါသည်။
၂၅-၂-၂၀၂၆ ရက်နေ့၊ ညနေပိုင်းတွင် ပွဲစဉ်(၄) အမျိုးသား ပန်းပုအသင်းနှင့် ဂီတအသင်း၊ ပွဲစဉ်(၂) အမျိုးသမီး ညွန့်ပေါင်းအသင်းနှင့် သဘင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပါသည်။
၂၆-၂-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပွဲစဉ်(၃) အမျိုးသမီး ညွန့်ပေါင်းအသင်းနှင့် မဉ္ဇူအသင်း၊ ညနေပိုင်းတွင် ပွဲစဉ်(၂) အမျိုးသား ပန်းပုအသင်းနှင့် သဘင်အသင်း၊ ပွဲစဉ်(၃) အမျိုးသား ရုပ်ရှင်နှင့်ပြဇာတ်အသင်းနှင့် ပန်းချီအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပါသည်။
၂၇-၂-၂၀၂၆ ရက်နေ့တွင် အမျိုးသား တတိယနေရာလုပွဲစဉ်၌ ပန်းချီအသင်းနှင့် သဘင် အသင်း၊ ဗိုလ်လုပွဲစဉ်တွင် အမျိုးသား ရုပ်ရှင်နှင့်ပြဇာတ်အသင်းနှင့် ပန်းပု အသင်းတို့ယှဉ်ပြိုင်ခဲ့ကြပါသည်။
ထို့နောက် ဆုပေးပွဲကိုကျင်းပရာ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်းက တစ်ဦးချင်းဆုရရှိကြ သော အားကစားသမားများကိုလည်းကောင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးလှခိုင်က အမျိုးသား ဒုတိယဆုရ ပန်းပုအသင်းနှင့် တတိယဆုရ ပန်းချီအသင်းကိုလည်းကောင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်းက အမျိုးသမီး ဒုတိယဆုရ ညွန့်ပေါင်းအသင်းနှင့် တတိယဆုရ မဉ္ဇူအသင်းကိုလည်းကောင်း၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက တံခွန်စိုက် ပထမဆုရ အမျိုးသား ရုပ်ရှင်နှင့်ပြဇာတ်အသင်းနှင့် တံခွန်စိုက် ပထမဆုရ အမျိုးသမီး သဘင်အသင်းကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။






![]()