အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပညာရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၆)ကို ၁၀-၃-၂၀၂၆ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပညာရေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိပါမောက္ခချုပ်(စီမံ) ဦးလှခိုင်၊ ဒုတိပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်း၊ စာပေ၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုနှင့် ရခိုင်တိုင်းရင်းသားရိုးရာ(ဂီတ၊ အက)ဆိုင်ရာပညာရေးအဖွဲ့ဝင်ပညာရှင်ကြီးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း(ပြည်) ကျောင်းအုပ်ကြီး၊ တွဲဖက်ပါမောက္ခများ၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းမှူးများ၊ မော်ကွန်းထိန်းနှင့် လက်ထောက်မော်ကွန်းထိန်းတို့ တက်ရောက်ခဲ့ကြပါသည်။ ထို့ပြင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ(ဂီတ၊ အက)ဆိုင်ရာပညာရေးအဖွဲ့ဝင်ပညာ ရှင်ကြီးများက Video Conferencing စနစ် ဖြင့် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသူများက တင်ပြသည့် အမှာစာ(၄)စောင်နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းအတည်ပြုခဲ့ကြပြီး အစည်းအဝေးကို နံနက် ၁၁:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။






![]()